ဒီ Tutorial က Logo တစ်ခုကို လက်တွေ့ကျကျ
ဘယ်လိုဖန်တီးသလဲ ဆိုတာကို အဆင့်ဆင့် ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒီမှာ
အဓိကအသုံးပြုမှာကတော့ Photoshop Software ပဲဖြစ်ပေမယ့် ကိုယ်တိုင်
Sketch လုပ်ထားတဲ့ Logo ကို စက်ပေါ်ရောက်အောင်ဖတ်ဖို့ Scanner တစ်ခုလည်း
လိုအပ်ပါလိမ့်မယ်။
အရင် Tutorial တစ်ခုမှာ Logo ကောင်းတစ်ခုဖြစ်ဖို့အတွက် ဘယ်လိုအချက်တွေရှိသင့်တဲ့အပြင် ဘယ်လိုမျိုး ဆန်းသစ်တဲ့စိတ်ကူးတွေ ရှိရမယ်ဆိုတာကို ပြောပြပြီးပါပြီ။ ဒီတစ်ခါကတော့ လက်တွေ့ဖန်တီးတဲ့ အပိုင်းကို ပြောပြမှာ ဖြစ်ပါတယ်။
၁) ပထမဦးဆုံး မိမိ စိတ်တိုင်းကျ Logo ပုံစံကို စာရွက်ပေါ်မှာ ရေးဆွဲပါ။ စိတ်တိုင်းကျပြီဆိုရင်တော့ Scanner ဖတ်လိုက်ပါ။ ဒီမှာတော့ MM Photoshop စာလုံးကို နမူနာလုပ်ပြထားပါတယ်။

၂) Layer > New Layer (သို့) Shft + Ctrl + N ဖြင့်
Layer အသစ်တစ်ခုခေါ်ပါမယ်။ Layer နာမည်ကို Circle လို့ပေးပါမယ်။ Layer
ရဲ့ Opacity ကို 75% ကို ချလိုက်ပါမယ်။ ဒါမှ အောက်က Scan ဖတ်ထားတဲ့
ပုံကို မြင်ရမှာဖြစ်ပါတယ်။ အဲဒီ Layer ပေါ်မှာပဲ Ellipse Tool (U) ကို
သုံးပြီး ပုံထဲကအတိုင်း အပြာရောင်စက်ဝိုင်းတစ်ခုကို ဆွဲပါမယ်။
လိုအပ်ပါက Edit > Free Transform (Ctrl + T) ဖြင့် အရွယ်အစားကို
ချိန်ပါ။ ပုံအတိုင်းဖြစ်ပါတယ်။
၃) ဒီနေရာမှာ MM ဆိုတဲ့ စာလုံးနှစ်ခုကို Pen Tool
အသုံးပြုပြီးရေးဆွဲမှာဖြစ်ပါတယ်။ အဲဒီအတွက် Layer > New Layer (သို့)
Shft + Ctrl + N ဖြင့် Layer အသစ်တစ်ခုခေါ်ပါမယ်။ Layer နာမည်ကိုတော့
M_Logo လို့ပေးလိုက်ပါမယ်။ ထုံးစံအတိုင်း အောက်က Layer ကို မြင်ရအောင်
Opacity ကို 70% ခန့် လျှော့လိုက်ပါမယ်။ Pen Tool Setting ကို Shape
Layers ထဲမှာ ထားပါမယ်။
ပြီးရင်တော့ ဘယ်ဘက်က M ကို ကောက်ကြောင်းလိုက်ပါမယ်။
အရောင်ကိုတော့ စက်ဝိုင်းနဲ့ကွဲအောင် လိမ္မော်ရောင် ရွေးလိုက်ပါမယ်။
ပထမဆုံး ထိပ်စွန်းမှတ်တွေကိုပဲ အကြမ်းရွေးပြီး ဆက်သွားပါမယ်။
တစ်ပတ်ပြည့်အောင်သွားပြီး M စာလုံးကို အဆုံးသတ်ပါမယ်... ပုံအတိုင်းပါ။
၎) ပြီးလျှင် Direct Selection Tool (A) ကို အသုံးပြုပြီး လိုအပ်တဲ့ အသေးစိတ် Curve များကို ဖြည့်ပါမယ်။
ပထမဆုံး လိုအပ်တဲ့ Point အသစ်ကို ခေါ်ပါမယ်။ အဲဒီအတွက်
Point ပေါ်လိုတဲ့ နေရာမှာ Path ကို Right Click ထောက်ပြီး ပေါ်လာတဲ့ Add
Anchor Point ကို ရွေးပါ။
ထို Point အသစ်နှင့် Bezier Curve ကို မိမိလိုအပ်တဲ့ နေရာနှင့် အကွေးအနေအထား ရအောင် ထိန်းညှိရမှာဖြစ်ပါတယ်။
အလားတူပဲ အခြားသော နေရာများကိုလည်း အောက်ခံ Sketch အတိုင်းပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ပုံအတိုင်း တွေ့ရမှာပါ။
စိတ်တိုင်းမကျမခြင်း Direct Selection Tool (A) ဖြင့်
မိမိလိုအပ်သလို M စာလုံးရဲ့ Shape ကို ပြင်ပါမယ်။
စိတ်တိုင်းကျသွားရင်တော့ အဲဒီ M_Logo Layer မှာရှိတဲ့ Path တွေကို
ပေါင်းပစ်လိုက်မှာဖြစ်ပါတယ်။ အဲဒီလို ဖန်တီးဖို့အတွက် Layer >
Rasterize > Shape ကိုသွားလိုက်ပါ။
ဒီနေရာမှာ တစ်ခု ပိုအကြံပြုချင်တာက မိမိဖန်တီးပြီးတဲ့ Design ကို ရှင်းရှင်းလင်းလင်းတွေ့ချင်တယ်ဆိုရင် အောက်ဆုံးက Sketch လုပ်ထားတဲ့ Layer ပေါ်မှာ New Layer တစ်ခုကို အဖြူရောင် Background ဖြည့်ထားပြီး လိုအပ်ပါက မျက်လုံးအဖွင့်အပိတ်ဖြင့် ကြည့်ရှုတဲ့ အချက်ပါပဲ။ ဒါဆိုရင် မူလ Scan ဖတ်ထားတဲ့ Sketch မပါပဲ ရှင်းရှင်းလေးတွေ့ရမှာပါ။ အောက်က ပုံမှာ နမူနာကြည့်ပါ။

၅) M နှစ်လုံးက ဘယ်ညာတူနေတဲ့အတွက် Copy လုပ်ပြီး Mirror
ခေါက်လိုက်မှာ ဖြစ်ပါတယ်။ Copy မလုပ်ခင် M ရဲ့ ညာဘက်ခြမ်းမှာ Grid Line
တစ်ခု ဆွဲယူထားလိုက်ပါမယ်။
ပြီးလျှင် Ctrl + J (သို့) Layer > Duplicate Layer ဖြင့် Copy ပွားပါ။ ထို Copy Layer ကို Edit > Transform > Flip Horizontal ဖြင့် Mirror ခေါက်လိုက်ပြီး Grid Line သို့ ဆွဲရွှေ့လိုက်ပါ။ ပုံအတိုင်း တွေ့ရမည်။

၆) PHOTOSHOP ဆိုသော စာလုံးကို မူရင်း Sketch ဖြင့်
လိုက်ဖက်မည့် Font ဖြင့် Circle Layer အပေါ်တွင် ရေးပါမည်။ လိုအပ်သော
Font အကြီးအသေးကို ချိန်ပါ။ ဒီတစ်ခါတော့ အရင် Layer များနှင့်အတူအောင်
အစိမ်းရောင်ထားပါမည်။ ထုံးစံအတိုင်း အောက်မှ Sketch
ဖြင့်တိုက်ဆိုင်ကြည့်ရှုနိုင်ရန် Layer Opacity ကိုလျှော့ချထားပါမည်။
ပြီးလျှင် ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။
၇) ထို Layer ကို လိုသလို Distort လုပ်ရန်အတွက် Text Layer
အဖြစ်မှ ပြောင်းပါမည်။ သို့အတွက် Layer > Rasterize > Type ကို
ပြုလုပ်ပါ။ ပြီးလျှင် Ctrl + T (သို့) Edit > Transform >
Perspective ဖြင့် သင့်လျှော်သော အနေအထားရောက်အောင် ဆွဲကားပစ်ပါမည်။
ပြီးလျှင် ပုံအတိုင်းတွေ့ရပါမည်။
၈) ပြီးလျှင် ထို Photoshop Text Layer ကို Duplicate
လုပ်ပြီး M_Logo Layer နှစ်ခု၏ အထက်သို့ ဆွဲတင်လိုက်ပါ။ ပြီးနောက်
လိုအပ်သော 'O' အရှေ့ပိုင်းကိုသာချန်ပြီး ကျန်သောအပိုင်းများကို
ရွေးခြယ်ပြီး Delete လုပ်ပစ်ပါမည်။
၉) နောက်ဆုံးအဆင့်အနေနှင့် Layer များအားလုံး၏ Opacity
ကိုပြန်တင်လိုက်ပါ။ ထို့နောက်တွင်မှ လိုအပ်သော အရောင်၊ အနေအထား၊
အရွယ်အစား Effect စသည်တို့ကို ပြောင်းလဲ ဖန်တီးလိုက်ခြင်းအားဖြင့်
လှပသေသပ်သော Logo ရှင်းရှင်းလေးတစ်ခုကို ရရှိနိုင်ပါမည်။
ဒီနမူနာမှာတော့ နောက်ခံ စက်ဝိုင်းကို ဖန်ပြားသဏ္ဍာန်များဖန်တီးတဲ့ နည်းအတိုင်းပြုလုပ်ထားပြီး Scan Line Pattern အနည်းငယ် ထည့်ထားပါသည်။ M_Logo နှစ်ခုကိုတော့ Blending Option ထဲမှ Stroke ကိုထည့်သွင်းထားခြင်းဖြစ်သည်။ Photoshop စာတန်းကိုတော့ Bevel and Emboss နဲ့ Drop Shadow ထည့်သွင်းပြီး Mirror Effect ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

နောက်ထပ် နမူနာတစ်ခုကတော့ အလယ်က 'O' ကို Font Style ပြောင်းပြီး Color Theme ကိုလည်း နောက်တမျိုး စမ်းသပ်ထားတာပါ။
အနုပညာဆိုတာ ဦးနှောက်နဲ့ နှလုံးသားပေါင်းစပ်ပြီးမှ
ဖြစ်တည်လာတဲ့အရာတစ်ခုလို့ တချို့တွေက တင်စားကြတယ်။ ဖန်တီးသူနဲ့
ဖန်တီးမှု ပေါင်းစပ်ပြီးဖြစ်တည်လာတာ လို့လည်း တချို့က ပြောကြတယ်။
ဖန်တီးသူတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာအထိ ဦးနှောက်နဲ့ နှလုံးသား
အပေးအယူလုပ် ချိတ်ဆက်ပုံဖော်ပြီး ဖန်တီးမှုတစ်ခုကို
အသက်သွင်းရမလဲဆိုတာ...။
No comments:
Post a Comment