Layer နှစ်ခုတစ်သားထဲကျအောင်ဘယ်လို လုပ်မလဲ
ဥပမာ-နောက်ခံ Background ပြောင်းမယ်ဆိုရင် အရှေ့က လူ Layer နဲ့  အနောက် က
ရှုခင်းပုံ Layer တို့  တစ်ခုနဲ့ တစ်ခု တစ်ထပ်ထဲ ကျအောင်
ဘယ်လိုလုပ်မလဲဆိုလိုတာက သဘာဝကျသွားအောင်ပေါ့ Layer နှစ်ခုတွဲထားမှန်း
မသိသာအောင်ပေါ့။
ပန်းချီမှာ Background နဲ့ Foreground လို့ခေါ်တဲ့ Layer နှစ်ခုကို တစ်သားတည်းကျအောင် လုပ်ဖို့ဆိုတာ သိပ်အခက်ကြီးမဟုတ်ပေမယ့်၊ အနုပညာဆန်ဖို့၊ သဘာဝကျဖို့တော့ လိုအပ်ပါတယ်။ အဲဒီအတွက် အရေးပါတဲ့အချက်တွေကတော့...
ပန်းချီမှာ Background နဲ့ Foreground လို့ခေါ်တဲ့ Layer နှစ်ခုကို တစ်သားတည်းကျအောင် လုပ်ဖို့ဆိုတာ သိပ်အခက်ကြီးမဟုတ်ပေမယ့်၊ အနုပညာဆန်ဖို့၊ သဘာဝကျဖို့တော့ လိုအပ်ပါတယ်။ အဲဒီအတွက် အရေးပါတဲ့အချက်တွေကတော့...
၁) အလင်းလာရာ (Light Direction)
၂) အဝေးအနီးသဘော (Perspective)
၃) အရောင် (Color)
၎) ရိပ်မှောင် (Shade and Shadow) စတာတွေပဲဖြစ်ပါတယ်။
၂) အဝေးအနီးသဘော (Perspective)
၃) အရောင် (Color)
၎) ရိပ်မှောင် (Shade and Shadow) စတာတွေပဲဖြစ်ပါတယ်။
ဒီအတွက် လိုအပ်တဲ့ ပုံတွေကို ဖွင့်ပါမယ်။
ပထမဦးဆုံး အလင်းအမှောင်နဲ့ ပတ်သက်ပြီး ကြည့်ကြရအောင်။
အလင်းထုတ်တဲ့ Light Source တွေမှာမတူညီတာတွေရှိပါတယ်။ အကြမ်းဖျင်း တော့
Point Light နဲ့ Distant Light ဆိုပြီး ၂ မျိုးခွဲနိုင်ပါတယ်။ Point
Light ဆိုတာမီးလုံးတစ်လုံးကထုတ်တဲ့ အလင်းရောင်လိုပါပဲ အရပ်မျက်နှာ
အမျိုးမျိုးကို ပျံ့နှံ့ပါတယ်။ Distant Light ဆိုတာက နေဆီကလာတဲ့
အလင်းရောင်မျိုးပါ။ နေရောင်ဟာ အင်မတန်ဝေးတဲ့ အရပ်ကလာတဲ့အတွက်
သူ့ရဲ့အလင်းတန်းတွေကို ပြိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီတော့
နေရောင်အောက်မှာ ရှိတဲ့ အရာဝတ္ထုတွေရဲ့ အရိပ်တွေက ဦးတည်ရာ တစ်ခုတည်းကိုပဲ
ကျနေရပါမယ်။
၁) ပထမဦးဆုံး တင်လိုတဲ့ပုံကို Marquee Selection ဖြင့်ရွေးပြီး တွဲလိုသော Background ပေါ်သို့တင်ပါ။
၂) ပုံနှစ်ခု၏ သက်ဆိုင်ရာ Light Source ကိုကြည့်ပါမည်။
Outdoor Picture ဖြစ်၍ Light Source တစ်ခုတည်းမှ လာရမည်ဖြစ်သည်။ ထိုသို့
ကြည့်ရန် Layer တစ်ခုချင်းဆီကိုဝင်ပြီး (Image > Adjustment >
Threshold) ကိုကြည့်ပါ။ Threshold Amount ကို တိုးကြည့်လိုက်လျှင်
အရိပ်မှောင် Shade ကျသောအခြမ်းကို တွေ့နိုင်ပြီး အလင်းရောင်
မည်သည့်အရပ်ကလာသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ပြီးလျှင် OK
မလုပ်ဘဲ Cancel လုပ်ပြီး ပြန်ထွက်ပါမည်။
အလားတူပဲ နောက်ခံပုံ၏ အလင်းရောင်လာသော အခြမ်းကို ကြည့်ပါမည်။
၃) Background နှင့် Foreground Layer မှာ အလင်းရောင်လာသော
Direction မတူသဖြင့် Layer တစ်ခုကိုတော့ Flip လုပ်ရပါမည်။ ဒီ Tutorial
မှာတော့ ရှေ့က အရုပ်ကို လှည့်လိုက်ပါသည်။ (Edit > Transform > Flip
Horizontal)
၎) Foreground ရှိအရုပ်ကို မိမိထားလိုသော
နေရာသို့ရွှေ့ပါမည်။ ထိုသို့ပြုလုပ်သောအခါ Perspective ဟုခေါ်သော
အဝေးအနီးကို တွက်ဆပြီး Scale ကို လိုအပ်သလို ချိန်ဆရပါမည်။
၅) လိုအပ်သော အလင်းအမှောင်ကို ချိန်ဆမည်။ ထိုသို့သောအခါ ပတ်ဝန်းကျင်၏ Color Theme ကို သတိပြုရန်လိုအပ်သည်။ အပူဘက်သမ်းသလား၊ အအေးရောင်တွေများသလားကြည့်ပြီး ချိန်ညှိဖို့လိုအပ်ပါသည်။ အောက်ပါ Adjustment Tool များကို အဓိက သုံးပါသည်။
- Image > Adjustment > Hue/ Saturation
- Image > Adjustment > Color Balance
- Image > Adjustment > Brightness/ Contrast
- Image > Adjustment > Level

၆) အောက်ပါအချက်များကို လိုအပ်မှသာသုံးရန်
က) Brightness/ Contrast ထဲမှ Contrast ကို ခပ်မှိန်မှိန်ဖျော့ဖျော့မျိုးလိုလျှင် လျှော့ချပစ်ပါမည်။ ဥပမာ။ ဟိုင်းဝေးလမ်းမကြီးမှာ လမ်းမီးတိုင် များကို Copy ပွားပြီး သင်အများကြီးစိုက်သောအခါ် ဟိုးအဝေးက မီးတိုင်များသည် Perspective သဘောအရ ဝေးလျှင် Scale သေးသွားရမည့် အပြင် ခပ်မှိန်မှိန်ဖျော့ဖျော့ အနေအထားမျိုးလည်း ဖြစ်နေရမည်ဖြစ်သည်။
ခ) Foreground Layer ၏ အနားစွန်းများကို အနားဖွာသော Soft Rounded Eraser ဖြင့် လိုအပ်ပါက ခပ်ပါးပါးလေး ဖျက်ပေးပါ။ ထိုသို့ပြုလုပ် ခြင်းဖြင့် Foreground Object ကို ပတ်ဝန်းကျင်ဖြင့် ခပ်ရောရောပြုလုပ်နိုင်သည်။
ဂ) သစ်ပင်အောက်၊ အမိုးအောက်စသည်ဖြင့် အခြားသောပတ်ဝန်းကျင်မှ အရာဝတ္ထုတစ်ခုခု၏ အရိပ်အောက်တွင်ရောက်နေပါက Brightness လျှော့ချခြင်း၊ Brush ခပ်ပါးပါးဖြင့် ရိပ်မှောင်ခြယ်ပေးခြင်းတို့ကို ပြုလုပ်ပါ
ဃ) လိုအပ်သော Shade ကိုထည့်ပါမည်။ Basic Concept ထဲမှ သင်ခန်းစာ (၈) ဖြစ်သော `အို... အရိပ်ကလေးရယ်´ ဆိုသော သင်ခန်းစာတွင် အရိပ်ထည့်နည်းကို ကြည့်ပါ။
အထက်မှာ ပြောပြသွားတာတွေအားလုံးက `ငါးသိုင်းများတော့ ဟင်းဟုံ´ ဆိုသလို အပူလုပ်လိုက် အအေးလုပ်လိုက် မဖြစ်အောင် ဖန်တီးပြုပြင် နိုင်တဲ့ နည်းလမ်းတွေပါပဲ။ အခြားတစ်နည်းပြောရရင် `ရတနာရှိရာ ရတနာလာ´ ဆိုတာမျိုးဖြစ်အောင် ဖန်တီးခြင်း လို့သာ တင်စားလိုက်ပါရစေ။ အဲသလို စိတ်တိုင်းကျဖန်တီးပြီးပြီဆိုရင်တော့ သဘာကျတဲ့ အသက်ဝင်တဲ့ တွဲစပ်မှုတွေရှိတဲ့ ဓာတ်ပုံတစ်ပုံကို သင်ရရှိမှာ သေချာပါတယ်။

ဒီအတိုင်းပါပဲ ကိုယ်စိတ်တိုင်းကျသလို ဓာတ်ပုံတွေကို
ကြိုက်နှစ်သက်ရာ Background တွေနဲ့တွဲပြီး ဖန်တီး ပြုပြင်နိုင်ပါတယ်နော်။
Background တွေတင်မကပါဘူး ကြိုက်နှစ်သက်တဲ့ Popular body တွေနဲ့လည်း
တွဲစပ်နိုင်ပါသေးတယ်နော်။ Photoshop ဆိုတဲ့ မှော်ကြိမ်လုံးရှိမှတော့
စေလိုရာ စေသင့်တာပေါ့နော်။
အနုပညာဆိုတာ Technique ဆိုတဲ့ နည်းလမ်းတွေနဲ့ပဲ
ဖန်တီးထုတ်လုပ်နေတာ မဟုတ်ပါဘူး။ ခံစားချက်မရှိတဲ့ အနုပညာဟာ ပုံစံခွက်ထဲက
ထွက်လာတဲ့ ပလတ်စတစ်ရုပ်တွေလို အနှစ်မဲ့နေမှာ သေချာပါတယ်။ ရင်ဘတ်ထဲက
ပေါက်ဖွားလာတဲ့ Mood ဆိုတဲ့ သက်ဝင်လှုပ်ရှား ခံစားမှု လေးတွေသာ ပါလာခဲ့ရင်
သဘာဝကျပြီး စစ်မှန်တဲ့အနုပညာနဲ့ တစ်သားတည်း ဖြစ်သွားမယ်လို့ ပြောပါရစေ။
မှတ်ချက်။ ။အမေးအဖြေစာမျက်နှာမှ Layer နှစ်ခုကိုသေသေသပ်သပ် ထပ်လိုသူ Koala တစ်ယောက် နှစ်သက်ကျေနပ်နိုင်ပါစေ။
No comments:
Post a Comment