HTN: ဟေ့လူ ဘာတွေဖြစ်နေတုန်း မျက်နှာမသာမယာနဲ့
KZO: ဟာဆရာဟန်သစ်ငြိမ် လာဗျာ ဒီမှာသူငယ်ချင်းတစ်ယောက် အခုလေးတင် ဦးနှောက်လာစားသွားတာလေ သူ့လုပ်ငန်းအတွက်အိတ် Design လေးတစ်ခုဆွဲခိုင်းတယ်ဗျာ၊ ကျုပ်ကဆွဲပြီးတဲ့ပုံကိုပြတော့ သူကဘာပြောတယ်ထင်လဲ
HTN: ဆိုပါဦး
KZO: အခုတစ်လော Design တွေမှာ မျဉ်းကြောင်းလေးတွေကိုနံပါတ်လေးတွေနဲ့ လေးထောင့်ပုံလေးလုပ် ထည့်ကြတယ်တဲ့ အဲဒါမှခေတ်မီတာ၊ အဲဒါလေးထည့်ပေးပါတဲ့၊ သူဘာကိုဆိုလိုပါလိမ့်လို့ သေချာမေးကြည့်မှ သူက Barcode ကိုပြောနေတာဗျ၊
HTN: အင်းကျုပ်လဲသတိထားမိတယ်၊ တကယ် Barcode Scan ပြန်ဖတ်လို့ရမရတော့မသိဘူး ပုံတွေမှာပါနေတာပဲ
KZO: ဆရာသိတဲ့အတိုင်းပဲလေ Barcode ဆိုတာ ကိုယ့်ရဲ့ Product တစ်ခုနဲ့ဆိုင်တဲ့ Data တွေကို သင်္ကေတ တစ်ခုလုပ်ပြီးမှတ်ထားတာလေ၊ ဒီအတိုင်းကြီးပေါက်ကရထည့်လို့မကောင်းဘူးပြောလဲနားမထောင်တော့ ကျုပ်လဲစိတ်ထဲပေါ်လာတဲ့ Barcode တစ်ခုလုပ်ပေးလိုက်ရတယ်ဗျာ
HTN: ဘယ်လိုလုပ်လိုက်တုန်း ရှင်းပါဦး
KZO: အရင်ဆုံး 200 pixel ပတ်လည်ရှိတဲ့ New document တစ်ခုယူပြီး Filter>Noise>Add Noise နဲ့ အစက်အစက်လေးတွေရအောင် ယူတယ်ဗျာ Amount တွေကိုအများဆုံး 400 ထိတင်တယ်၊ Distribution မှာ Uniform နဲ့ Monochromatic တွေယူလိုက်တော့ ဒီလိုရလာတယ်ဗျာ

အဲဒီနောက်မှာတော့ Image>Adjustments>Threshold
ယူလိုက်တယ် Level ကို 128 ပဲထားတယ်။ ပြီးတဲ့အခါမှ
Filter>Blur>Motion Blur ကိုဒီ Setting တွေအတိုင်းယူလိုက်တယ်ဗျာ
ပြီးမှ Image>Adjustments>Threshold နောက်တစ်ခါထပ်ယူလိုက်တယ်၊ ပြီးတော့ Level ကို 163 ထိတိုးလိုက်တယ်
ပုံအရွယ်အစားအလိုက်တော့ Setting တွေကွာမှာပေါ့ဗျာ။ ဒါဆိုရင်ပုံကိုဒီလိုမြင်ရတာပဲပေါ့
ပြီးမှနံပါတ်လေးနဲနဲဖြည့်လိုက်တယ်၊ ဒီလိုနဲ့ပဲကျုပ်ရဲ့လူသားကိုယ်တိုင်ဖန်တီးတဲ့ Barcode တစ်ခုရလာတာပေါ့ဗျာ
HTN: နေပါဦးဆရာသမားရဲ့ ခင်ဗျားပြောတဲ့ လူသားကိုယ်တိုင်ဖန်တီးတာဆိုတော့ တကယ့် Barcode တွေကကော ဘယ်လိုတွေလုပ်လို့တုန်း
KZO: Barcode တွေဖန်တီးတဲ့ Software တွေရှိတယ်ဗျ၊ ဥပမာ Labelview ပေါဗျာ၊ သူရဲ့ website မှာရှာကြည့် Trial version ပေးမယ် ထင်တယ်၊ အဲဒီလို Software တွေသုံးပြီး ဘယ်လို Barcode စနစ်ကိုသုံးမလဲရွေးပေးရုံပဲ။ ဒီမှာအဲဒီစနစ်တွေရဲ့နမူနာပုံစံလေးတွေဆရာဟန်၊ Barcode အောက်ကနံပါတ်လေးတွေကတော့ Human readable option တွေဗျ၊ အဲဒါကိုပိတ်လိုက်ရင် နံပါတ်တွေကို Barcode Scanner or Reader နဲ့ဖတ်မှပဲရတော့မယ်၊ ဒီအတိုင်းဖတ်လို့မရတော့ဘူး။

KZO: အဲဒီကနေရလာတဲ့ Barcode ကိုကုန်ပစ္စည်းတွေမှာကပ်ပြီး၊
ပြန်ဖတ်ချင်တဲ့အခါတော့ Barcode Scanner တွေနဲ့ဖတ်ရတာပေါ့၊
ကုန်တိုက်တွေမှာမြင်နေရမှာပါဗျာ။
HTN: သြော်ဒီလိုလား
KZO: ဟုတ်ပါ့၊ ကျုပ်လဲဖြစ်နိုင်ရင်ဒီလိုပဲသုံးကြစေချင်တယ်ဗျာ။ ပေါက်ကရတွေလျှောက်မလုပ်စေချင်ဘူး။ အနည်းဆုံးတော့ကိုယ့် Product ရဲ့ Product Code တစ်ခုလိုပေါ့၊ အဲဒါလေးကိုကြည့်ပြီး ဒါဘယ်တုန်းကထုတ်ခဲ့တာ အရေအတွက်ဘယ်လောက်ရှိခဲ့တယ်ပေါ့ဗျာ။
HTN: အဟားဟား ခင်ဗျားတော်တော်စိတ်ရှုပ်သွားမှာပဲ လာဗျာ Coffee တိုက်မယ် ဆိုင်ကိုသွားကြစို့။

No comments:
Post a Comment