Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Monday, February 6, 2012

ကမ္ဘာ့အကောင်းဆုံး Free Website များ

Anonymous | Monday, February 06, 2012 | Best Blogger Tips

 
 လက်ရှိ အခြေအနေအရ ပြည်တွင်းမှာ အင်တာနက် အသုံးပြုကြတဲ့အခါမှာ Online Banking နဲ့ Online Payment System တွေအတွက် အဆင်အောင် ဆောင်ရွက်ဆဲမို့ များသောအားဖြင့် ပိုက်ဆံပေး အသုံးပြုရတဲ့ Paid Websites တွေထက် အခမဲ့ အသုံး ပြုရတဲ့ Free Websites တွေကို အားပြုသုံးစွဲနေကြရဆဲ ဖြစ်ပါတယ်။ Free Website တွေလို့ ဆိုပေမယ့်လည်း Free Website တော်တော်များများဟာ သုံးစွဲသူတွေအတွက် အတိုင်းအတာတစ်ခုအထိ Free Service, Free Content တွေကို ပေးစွမ်းနိုင်တာမို့ Internet Travelling အတွက် ကမ္ဘာ့အကောင်းဆုံး Free Webiste များကို တင်ပြလိုက်ပါတယ်။ အင်တာနက် အသုံးပြုကြတဲ့နေရာမှာ များစွာအထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။

 
ဒီ Website ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး Free weblint တွေကို စုဆည်းပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူက နှစ်စဉ်ကမ္ဘာ့အကောင်းဆုံး Free Website ၁၀ ခုကို list လုပ်ပြီး ဆုချီးမြှင့်ပါသေးတယ်။ ဒီ Website မှာ User တွေအနေနဲ့ Free Newletter တွေ, tip တွေ, learn lesson တွေ, Journal တွေကို အခမဲ့ download ရယူနိုင်ကြပါတယ်။ ဒါ့အပြင် ကိုယ့်မှာ Website ကိုယ်ပိုင် ရှိရင်လည်း သူရဲ့Free Website Award ကိုခံစားနိုင်ဖို့ Member ၀င်ထားလို့လည်းရပါတယ်။

ဒီ Website ကတော့ အဆီချပြီး ပိန်သွယ်လှပ ချစ်သူတွေ အထူးအကြိုက်တွေ့ကြမယ့် Website ပါ။ ဒီ Website မှာ ကိုယ့်ရဲ့ အရပ်အမြင့် (Hight) နဲ့ ကိုယ်အလေးချိန် (Weight) ရဲ့ အချိုး အစားကို တွက်ပြီး ကိုယ်အ၀လွန်နေသလား၊ မလွန်ဘူးလားဆိုတာ ကို တွက်ကြည့်လို့ရသလို Fighting Fat Effectively, Little Known Healthy Foods စတဲ့ Diet Features တွေ၊ Nutrition Facts တွေကို လည်း အခမဲ့ download ရယူနိုင်ကြပါတယ်။ အဲ့ဒီ Site ရဲ့ Hot Topics တွေထဲမှာ လူကြိုက်အများဆုံး Topic က တော့ သုံးနာရီအတွင်း အဆီကျနည်း (3-Hour Diet) ပါတဲ့။

ဒီ site ကတော့ အသုံးပြုမယ်ဆိုရင် Register လုပ်။ log-in လုပ်ဖို့လိုပါတယ်။ ဒီ site မှာထူးခြားတာက User တွေအနေနဲ့ Free Download တွေအပြင်၊ တကယ့် Physical ပစ္စည်း (ဥပမာ-T-Shirt တို့၊ Hand-set) တို့ကို အခမဲ့ရရှိနိုင်ကြတာပါ။ ကဲ သိချင်ရင်ဝင်ကြည့် လိုက်ကြ နော်။

ဒီ site မှာတော့ latest promotional offers တွေ၊ discount offers တွေ၊ prize competition တွေ၊ Free sample တွေကို အခမဲ့ Download ရယူနိုင်ပါတယ်။ Register လုပ်စရာ မလိုပဲ ဒီအတိုင်း site ကိုဝင်ပြီး download လုပ်ရုံပါပဲ။

ဒီ site မှာလည်း ထုံးစံအတိုင်း Free tips တွေ၊ Free cupons တွေ၊ Free content တွေကို အခမဲ့ရယူနိုင်ပါတယ်။ ဒါပေမယ့် ဒီ site မှာ တစ်ခုထူးခြားတာက အသုံးပြုတဲ့ User တွေ ကိုယ်တိုင် site ပေါ်မှာ Freebie တွေ Upload ပြုလုပ်ပြီး တင်ထားလို့ ရတာပါပဲ။ ကဲ လောလောလတ်လတ် ကိုယ့်မှာရှိတဲ့ ရည်းစားကို ဖြတ်ချင်နေပြီဆိုရင် ဒီ site ပေါ်မှာ တင်ထားလိုက် ကြနော်။

ဒီ site မှာလည်း Free Feature မျိုးစုံကို Download ရယူ နိုင်သလို သူ့ဆီမှာ Register လုပ်ထားရင်လည်း သူ့ site မှရနိုင်တဲ့ the Web's latest Free stuff တွေကို Free E-mail Newsletter အဖြစ်နဲ့ ကိုယ့်ဆီကို ပို့ပေးပါသေးတယ်။

ဒီ site ကတော့ အထူးသဖြင့် ပိုက်ဆံ (Money stuff)နဲ့ ဆိုင်တဲ့ Feature တွေကို အသားပေး ဖော်ပြ ထားပါတယ်။ စာရေးသူတို့ဆီမှာတော့ Online Payment Transaction ကြောင့် အသုံးပြုလို့ သိပ် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဒီဆိုက်မှာတော့ Soft Free Content တွေရော၊ Physical Free Content တွေရော အစုံအလင်ရနိုင်ပါ တယ်။ Nokia Hand-set ကအစ၊ Weight loss Tip တွေ အလယ်၊ Free Game တွေအဆုံး အခမဲ့ရရှိနိုင်မယ်လို့ဆို ပါတယ်။

ဒီ site ကတော့ freebies hunters တွေ အကြိုက် website တစ်ခုလို့ ဆိုပါတယ်။ သူ့ ဆီမှာလည်း Free laptop, Free iPod စတဲ့  မက်လောက်စရာ Free-item တွေ နဲ့ ပြည့်နှက် နေပါတယ်။ ဒါပေမယ့် Avalability မှာ U.S only ဆိုထားတဲ့အတွက် နှမလက်လျှော့နေလေဦး တော့ကွယ်လို့ ပြောရမလို ဖြစ်နေပါတယ်။

No comments:

Popular Posts