HTML လေ့လာရန်ဆိုဒ်
နောက်ထပ်တစ်နေရာပါ
ဒါလေးလည်းကောင်းတယ်ဗျ
သူကတော့်တစ်မျိုးလေး
>>>>>áá်áá်áá်>>>
Showing posts with label လမ်းညွှန်. Show all posts

Saturday, May 5, 2012
Wednesday, February 22, 2012
Saturday, February 18, 2012
Wednesday, February 8, 2012
Introduction to GIMP
Anonymous | Wednesday, February 08, 2012 |
လမ်းညွှန်
Photoshop ကိုဝယ်ယူဖို့ အတွက်
အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိနေသူများအနေနဲ့  Photoshop
ကိုအစားထိုးအသုံးပြုနိုင်တဲ့ photo editing software တခုကတော့ GIMP
ဖြစ်ပါတယ်။ တော်တော်အသုံးဝင်တဲ့ software တခုဖြစ်ပါတယ်။
GIMP ကို စီးပွားရေးလုပ်ငန်းများမှာတောင် အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ GIMP ရဲ့အဓိပ္ပါယ်ကတော့ GNU Image Manipulation Program ဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်မှာ Spencer Kimball နဲ့ Peter Mattis တို့ ကစတင်တီထွင်ခဲ့ပြီး General image manipulation Program လို့နံမယ်ပေးခဲ့ပါတယ်။ အဲဒီချိန်တုန်းကတော့ Linux အတွက်သာဖြစ်ပါတယ်။ခုချိန်မှာတော့ GNOME ရဲ့လုပ်အားပေးအဖွဲ့  ကနေအဆင့်မြင့်တင် ပြုပြင်နေပြီး window, mac များအတွက်ပါရှိနေပါပြီ။
GIMP ကိုဒီနေရာကနေ အခမဲ့ရယူနိုင်ပါတယ်။
http://www.gimp.org/
GIMP ကိုနည်းနည်းစလေ့လာကြည့်ကြရအောင်။
ီဒီ tutorial ကတော့ photoshop ကို နည်းနည်း သိထားတဲ့များအတွက် ရည်ရွယ်ထားပါတယ်။ မူရင်း Tutorial ကတော့ ဒီမှာရှိပါတယ်။
အပိုင်း(၁)
Using selection
GIMP မှာ select tools 6 ခုရှိပါတယ်။ Toolbox ထဲကနေသုံးလို့ရပါတယ်။ menu\tool\ selection tool\ အောက်ကနေ သုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်။ right click နှိပ်ပြီးတော့ rightclick menu\select ထဲကနေသွားရင်လည်းရပါတယ်။
Photoshop အသုံးပြုတတ်သူတစ်ဦးအနေနဲ့ GIMP ကိုအသုံးပြုရာမှာသိပ်မခက်ခဲလောက်ပါဘူး၊ အကယ်၍ သင်ဟာ Licensed Software များကိုသာ အသုံးပြုရသောနိုင်ငံများတွင် ရောက်နေပြီး မိမိအသုံးပြုနေသောကွန်ပျူတာတွင် Photoshop မရှိခဲ့ပါက GIMP ကိုသတိရလိုက်ပါ။

interface ပိုင်းကိုလေ့လာကြည့်ကြရအောင်။
ဒါကတော့ GIMP နဲ့ editing လုပ်နေတဲ့ screen တခုပါ။
GIMP ရဲ့ interface မှာ သုံးပိုင်းရှိပါတယ်။
1. Image window

2. Toolbox
3. Dialogue box များ
တို့ဖြစ်ပါတယ်။
Image window ဟာ main ဖြစ်ပြီး image, photo တွေကို ဒီအထဲမှာ editing လုပ်ပါတယ်။ ဒီအပေါ်မှာဘဲ main menu bar ရှိပါတယ်။ွှToolbox ထဲမှာတော့ editing လုပ်တဲ့အခါမှာ လိုအပ်တဲ့ tool icon တွေပါပါတယ်။ Dialogue တွေကတော့ editing လုပ်နေတဲ့အခါမှာ သီးသန့် function များအတွက်ဖြစ်ပါတယ်။ main menu bar\window\ ကနေလိုအပ်မဲ့ dialogue box ကို လိုသလိုဖွင့်လို့ ရပါတယ်။ image ပေါ်မှာ right click နှိပ်ပြီးတော့လည်း main menu ထဲကအတိုင်း function နဲ့ tools များကို access လုပ်နိုင်ပါတယ်။

Creating a new image and Opening
main image window menu\file\ new\..New image
dialogue ပေါ်လာပါလိမ့်မယ်။ အဲဒိအထဲမှာ image size(640 x 640 default) ၊
color mode (RGB default) ၊ resolution(72defalut) နဲ့ filled color
(background color default) တို့ကို ပြင်ဆင်လို့ရပါတယ်။
Opening
main image window menu\file\open..
Saving
File\Save
Gimp ရဲ့ native file type ကတော့ .xcf ဖြစ်ပါတယ်။ layering and transparency တို့ကို support လုပ်ပေးပါတယ်။ တခြား image file types များကိုပြောင်း save ချင်ရင်တော့ File\Save as .. file name ရဲ့နောက်မှာကိုလိုချင်တဲ့ file type extension (e.g image.jpg) ရိုက်ထည့်ပေးရပါတယ်။
Undo နှင့် Redo
undo ကို ctl + z
redo ကို ctl + y shortcut များနဲ့သုံးနိုင်ပါတယ်။
ပုံမှန်အားဖြင့် undo ကို ၅ ခါဘဲလုပ်လို့ရပါတယ်။
ကိုစိတ်ကြိုက်ထားခြင်ရင်တော့ edit menu\ preferences ထဲမှာပြင်လိုက်ရုံပါဘဲ။
ှု Image Types
GIMP က image types သုံးခု support လုပ်ပါတယ်။
RGB (full range of colors)
ပုံမှန်အသုံးပြုတဲ့ file type တွေကတော့ .png ၊ .jpg ၊ .xcf
Indexed (fixed pallet of colors or gray scale)
ပုံမှန်အသုံးပြုတဲ့ file type တွေကတော့ .gif
Grayscale (black and white)
ပုံမှန်အသုံးပြုတဲ့ file type တွေကတော့ .png ၊ .jpg နဲ့ .xcf တို့ဖြစ်ကြပါတယ်။

အပိုင်း(၂)
general Tools and Options
general Tools and Options
selecting color
Toolbox\ background or foreground color ကို click လုပ်ပါ။

pencil and paintbrushes
Toolbox ထဲမှာဘဲရှိပါတယ်။ pencil ကို shortcut N နဲ့ paintbrushes ကို shortcut P တို့နဲ့လည်း သုံးနိုင်ပါတယ်။ brushes size ၊ opacity နှင့် brush type တို့ကိုလည်း toolbox ရဲ့အောက်ပိုင်းမှာ လိုသလို select လုပ်နိုင်ပါတယ်။
Toolbox ထဲမှာဘဲရှိပါတယ်။ pencil ကို shortcut N နဲ့ paintbrushes ကို shortcut P တို့နဲ့လည်း သုံးနိုင်ပါတယ်။ brushes size ၊ opacity နှင့် brush type တို့ကိုလည်း toolbox ရဲ့အောက်ပိုင်းမှာ လိုသလို select လုပ်နိုင်ပါတယ်။
Using selection
GIMP မှာ select tools 6 ခုရှိပါတယ်။ Toolbox ထဲကနေသုံးလို့ရပါတယ်။ menu\tool\ selection tool\ အောက်ကနေ သုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်။ right click နှိပ်ပြီးတော့ rightclick menu\select ထဲကနေသွားရင်လည်းရပါတယ်။
ှshift key နှိပ် ပြီးတော့ click လုပ်ပြီး selection
area များကို ထပ်ပေါင်း(add) လုပ်သွားလို့ရပါတယ်။ Ctl key နဲ့
selection area တွေကို နုတ် (subtract) လို့ရပါတယ်။
shift key နှိပ်ပြီး drag လုပ်မယ်ဆိုရင်တော့ အလျား နဲ့ အနံ ညီနေမဲ့ selection area ကို ရပါလိမ့်မယ်။ Ctl key ကို နှိပ်ပြိး drag လုပ်မယ်ဆိုရင်တော့ starting point ကို အလယ်မှာထားတဲ့ selection area ကို ရပါလိမ့်မယ်။
Ctl + A ကတော့ နေရာအားလုံးကို select လုပ်မှာပါ။
Ctl + Shift + A ကတော့ selection အားလုံးကို remove လုပ်ပေးမှာပါ။
Ctl + I ကရှိပြီးသား selection ကို invert လုပ်ပေးပါလိမ့်မယ်။
Ctl + O က pick လုပ်ပေးတဲ့ နေရာမှာရှိတဲ့ အရောင်ရှိနေတဲ့နေရာတိုင်းကို select လုပ်ပါလိမ့်မယ်

Using Layer
menu \
layer \ new layer ဆိုပြီးတော့ layer အသစ် create လုပ်နိုင်ပါတယ်။
Shift + Ctl + N shortcut ကိုသုံးရင်လည်း အတူတူပါဘဲ။
အပိုင်း(၃)
Introduction to Photo Retouching (Transforming the image Rotating)

image ပေါ်မှာ right click နှိပ်ပြီး menu ထဲက
image\transform\rotate command များဖြင့် 90 degree စီ rotating
လုပ်နိုင်ပါတယ်။ွှToolbox ထဲက rotate tool နဲ့ ကြိုက်တဲ့ degree ကို
လှည့်နိုင်ပါတယ်။
Cropping and Image size
selection အရင်လုပ်ပြီးတော့ right click menu \ image\ crop to selection ဆိုပြီးတော့ crop လုပ်လိုက်ရုံပါဘဲ။ toolbox ထဲကနေ crop image bottom ကိုနှိပ် ပြီးတော့လည်း စိတ်ကြိုက် option အတိုင်း crop လုပ်လို့ရပါတယ်။ tool menu ထဲ က နေ transform tool\crop ဆိုပြီးတော့ လည်း crop လုပ်လို့ရပါတယ်။ shift + C shortcut ကိုလည်းသုံးရင်လည်းရပါတယ်။

Align ၊ move ၊ scale ၊ shear ၊ perspective နှင့်
flip အစရှိတဲ့ transform tools များလည်းရှိပါတယ်။ ဒီ tool
အသီးသီးမှာလည်း သူ့  option တခု ချင်းစီကိုလည်း သုံးလို့ရပါတယ်။
Color Correction
Tool
menu\ color အောက်ထဲမှာ အရောင်နဲ့ အလင်းအမှောင် adjust လုပ်တဲ့ tools
များရှိပါတယ်။ Auto အောက် မှာ auto white balance ၊ color enhance
တို့ကိုသုံး နိုင်ပါတယ်။
Color balance ၊ Hue saturation ၊ level နှင့် curves များကိုလည်း အသုံးပြုနိုင်ပါတယ်။
Photoshop အသုံးပြုတတ်သူတစ်ဦးအနေနဲ့ GIMP ကိုအသုံးပြုရာမှာသိပ်မခက်ခဲလောက်ပါဘူး၊ အကယ်၍ သင်ဟာ Licensed Software များကိုသာ အသုံးပြုရသောနိုင်ငံများတွင် ရောက်နေပြီး မိမိအသုံးပြုနေသောကွန်ပျူတာတွင် Photoshop မရှိခဲ့ပါက GIMP ကိုသတိရလိုက်ပါ။
>>>>>áá်áá်áá်>>>
Subscribe to:
Posts (Atom)
Popular Posts
-
ဒီတစ်ခါတော့ သင်တို့ရဲ့ facebook စာမျက်နှာကို better facebook လုပ်ကြရအောင်။ ပထမဦးစွာ ဒီနေရာကိုသွားပါ။ http://www.so...
-
လက်ရှိ အခြေအနေအရ ပြည်တွင်းမှာ အင်တာနက် အသုံးပြုကြတဲ့အခါမှာ Online Banking နဲ့ Online Payment System တွေအတွက်...
-
အချစ်နွံ ပျော်ရွှင်မှုတွေ ပျောက်ဆုံး သောကတွေ ဖုံးလျှက် ...
-
code တွေကိုဒီနေရာမှာယူပါ code တွေကိုဒီနေရာမှာယူပါ code တွေကိုဒီနေရာမှာယူပါ code တွေကိုဒီနေရာမှာယူပါ code တွေကိုဒီနေ...
-
ကဲ...ဒီတစ်ခါတော့ galaxy tab 2 10.1 GT-I5100 4.1.2 Root ဖောက်တာလေးတင်ပေးလိုက်ပါတယ် လုပ်နည်းလေးကတော့လွယ်တယ်နော်...... ဒါပေမယ့် ထုံးစံအတိုင်...
-
မူရင်းကို ဒီနေရာ မှာကြည့်နိုင်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံတွင်လူသုံးများတဲ့ ဖုန်းအမျိုးအစားများတွင်ပါဝင်သော SAMSUNG GALAXY device အတွက် Of...
-
mouse mask effect swi ဒေါင်းရန် boy or girl back gr ဒေါင်းရန် mouse snow ဒေါင်းရန် ဘယ်တော့မှမမေ့ mouse eff play and st...
-
This summary is not available. Please click here to view the post.