Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Monday, February 6, 2012

English – Myanmar Dictionary အကြောင်း

Anonymous | Monday, February 06, 2012 | Best Blogger Tips

wxPyDict ဆိုတာ  ကွန်ပျူတာ အသုံးပြုသူတွေအတွက် အသုံးဝင် မယ့် Dictionary တစ်ခုပဲ ဖြစ်ပါတယ်။မြန်မာကနေ အင်္ဂလိပ်၊ အင်္ဂလိပ် ကနေ မြန်မာ နှစ်မျိုးစလုံး အသုံးပြု နိုင်တဲ့အတွက် အသုံးဝင်မယ်ထင်လို့ သတင်းကောင်း ပါးလိုက်ပါတယ်။ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော အသုံးပြုပြီး ရှာဖွေ နိုင်ပါတယ်။
အင်္ဂလိပ်-မြန်မာ (Ornagai), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်) နဲ့ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာ နာမည်များ အဘိဓာန်ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ မြန်မာကျေးရွာနာမည်များ အဘိဓာန် ပါဝင်တဲ့ အတွက်ကြောင့် ရွာအမည်သိရင် ဘယ်မြို့၊ ဘယ်တိုင်း ဘယ်နယ်ကဆိုတာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာ၏ ၀ဏ္ဏဖြတ် စနစ်ကို အသုံးပြုပြီး ရှာဖွေခြင်း အား ပိုမိုတိကျအောင် ပြုလုပ်ထားပါတယ်။
ဥပမာ - ``ကံ´´ ဆိုသော စာလုံး ကို ရှာသောအခါ ``ကြံ´´ ဆိုတာတွေကျလာတော့မှာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့အရာ ကို တိတိကျကျ ရှာဖွေပေးမှာ ဖြစ်ပါ တယ်။ သုံးရတာ ပေါ့ပေါ့ပါးပါးနဲ့ပဲ အဆင်ပြေပါတယ်။ 
စာလုံးပေါင်းများကို အတိုင်း အတာ တစ်ခုအထိ ပြင်ပေးနိုင်သော   auto system တစ်ခု ပါရှိပါတယ်။
ဥပမာ - `ကခြော်ကခြွတ်´ လို့ ရိုက်ပြီး Enter ခေါက်လိုက်လျှင် အလို အလျောက် စကားလုံးအမှန်ဖြစ် သော `ကချော်ကချွတ်´ သို့ ပြောင်း ပေးသွားမှာပဲ ဖြစ်ပါတယ်။ ထပ်ပြီး လေ့လာချင်တဲ့ သူတွေအတွက်တော့  ကိုယ်တိုင်လည်း ထပ်ဖြည့်ပြီးရေးသား လို့ ရပါတယ်။ တချို့ နည်းပညာရပ် ၀န်းမှ ပုဂ္ဂိုလ်များမှလည်း နည်းလမ်း မျိုးစုံနဲ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ကိုယ်တိုင် ထပ်ပြီး ဆိုလိုချက် အဓိပ္ပာယ်တွေကို ထပ်ထည့်နိုင်ပါ တယ်။ Custom dictionary ဖိုင်တွေကို TSV (Tabs Separated Value) format အနေနဲ့ ထပ်ထည့်ပေးနိုင် ပါတယ်။
ကိုစိုးမင်း(Mark)က ဒီ Program ကို ရေးဆွဲထားတာပါ။ အင် တာနက်မှာ စာဖတ်နေရင်းနဲ့ အင်္ဂလိပ် လိုရေးထားတဲ့ စကားလုံးတွေကို သိ ချင်ရင် dictionary ကို လှန်ပြီး ပြန် ရှာဖွေနေစရာ မလိုတော့ပါဘူး။ အဲ့ဒီ လိုပဲ မြန်မာကနေ အင်္ဂလိပ်လို ဘာသာ ပြန်ချင်တဲ့အခါ အခက်အခဲ တော်တော်များများကို ကြုံတွေ့နိုင်ပါ တယ်။ အဲ့ဒီ ဒုက္ခတွေကို ဒီ dictionary လေးက တော်တော်များများကို ဖြေ ရှင်းပေးသွားနိုင်ပါတယ်။ ကိုယ်သိချင် တဲ့ စကားလုံးလေးကို search box လေးမှာ ရိုက်ထည့်ပြီး Enter ခေါက် လိုက်တာနဲ့ သူ့အဓိပ္ပာယ်လေး ပေါ် လာပါလိမ့်မယ်။
အဓိပ္ပာယ်တွေ ကလည်း တော်တော်လည်း စုံပါတယ်။ စကား လုံး တော်တော်များများကိုလည်း ရှာဖွေနိုင်ပါတယ်။ မရှိသေးတဲ့ စကား လုံးတွေကိုလည်း ကိုယ်တိုင် ထည့် သွင်း မှတ်သားထားနိုင်ပါတယ်။ ကိုယ်တိုင် စမ်းသပ်အသုံးပြုပုံလေးကို  ရေးပေးလိုက်ပါတယ်။
Install လုပ်နည်း အဆင့်တွေ ကလည်း လွယ်ကူလျင်မြန်ပါတယ်။
wxPyDict_setup.exe ဖိုင် ပေါ်တွင် နှစ်ချက်ကလစ်ပြီး ဖွင့်ပါ။
ဒီဖိုင်လေး ပေါ်လာပါလိမ့်မယ်။ Next ကို ကလစ်ပြီး Install ကို ကလစ်ပါ။
Completed ဆိုတဲ့ စာလေး ပေါ်လာရင်တော့ close button မှာ ကလစ်လိုက်ပါ။
Install လုပ်တာ ပြီးသွားပါပြီ။
Desktop ပေါ်မှာ ရှိတဲ့ wxPyDict -Dictionary Lookup Program ပေါ်တွင် နှစ်ချက်ကလစ်ပြီး ကိုယ်သိချင်တဲ့ ဆိုလိုချက် အဓိပ္ပာယ်လေးတွေကို မြန်မာလိုရော၊ အင်္ဂလိပ်လိုရော ရှာဖွေနိုင် ပါပြီ။ အောက်မှာ နမူနာအဖြစ် ပြထားပါတယ်။
ဒါကတော့ မြန်မာကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ဥပမာလေးပါ။ သိချင်တဲ့ စကားလုံးကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။
ဒါကတော့  အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ထားတဲ့ ဥပမာ လေး တစ်ခုပါ။
 
အသေးစိတ် ထပ်သိချင်ရင်တော့ http://code.google.com/p/wxpydict/  မှာ သွားရောက် ဖတ်ရှုလေ့လာနိုင်ပါတယ်။
Download link ကတော့ http://code.google.com/p/wxpydict/downloads/list ပဲ ဖြစ်ပါ တယ်။ Install လုပ်ရတာလဲ လွယ်ကူပါတယ်။ အသုံးပြုရာမှာလည်း ပေါ့ပေါ့ ပါးပါးပါပဲ။ Size ကတော့ 5.5 MB ပဲ ရှိပါတယ်။ အဆင်ပြေပါစေ။

No comments:

Popular Posts