Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 8, 2012

Line Tool နှင့် Brush Tool ဖြင့် Grid များ ရေဆွဲခြင်း

Anonymous | Wednesday, February 08, 2012 | Best Blogger Tips


(၁) ပထမဆုံးအနေနဲ့ Grid ဆွဲမယ့် မြေပုံကို ဖွင့်ရပါမယ်။ အဆင့် (၂) နဲ့ (၃) ကတော့ Optional Steps လို့ ခေါ်ပါတယ်။ လိုအပ်မှ လုပ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဆီမှာ Longitude နဲ့ Latitude အတိုင်းတာတွေ ရှိပြီးသား ဆိုရင်ဖြင့် အဆိုပါ အဆင့် ၂ ခုကို ကျော်လိုက်လို့ ရပါတယ်။

(၂) အဲဒီမှာ Grid ဆွဲတဲ့နေရာမှာ နမူနာ ယူဖို့ အနေနဲ့ Grid ရှိပြီးသား မြေပုံတစ်ခုကို ဖွင့်ပြီး သင့်ရဲ့ဖိုင်မှာ Layer သစ်တစ်ခုအနေနဲ့ Paste လုပ်ပါမယ်။ တဆက်တည်း အောက်က Background Layer ကို မြင်နိုင်ဖို့အတွက် အဆိုပါ Layer အသစ်ရဲ့ Opacity ကို 60% လောက်ကို ချလိုက်ပါမယ်။

(၃) ပြီးသွားရင် Edit > Free Transform သို့မဟုတ် Ctrl + T ကို နှိပ်ပြီး အောက်မှ Background Layer နဲ့ တစ်ထပ်တည်း ကျအောင် အချုံ့ အချဲ့ ပြုပါမည်။

ဒီနေရာမှာ တစ်ခု ပြောလိုတာက ကမ္ဘာ့မြေပုံ အမျိုးမျိုး ရှိတာ ဖြစ်တဲ့အတွက် မြေပုံတွေဟာ တစ်ခုနဲ့ တစ်ခု အနည်းငယ်တော့ ကွဲပြားပါလိမ့်မယ်။ မြေပုံ ၂ ခုကို ထပ်ကြည့်တဲ့အခါမှာ လွဲချော်မှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာ သင့်ဆီမှာ မြေပုံ ဆွဲဖို့အတွက် လောင်ဂျီတျု လတ္တီတျုအတိုင်းတွေ ရှိနေပြီး ဖြစ်ရင်တော့ ဒီ အဆင့် (၂) နဲ့ (၃) ကို လုပ်ဖို့ ရန် မလိုအပ်ပါဘူး။
(၄) ဒီအဆင့်ကတော့ Guide Lines တွေ ဆွဲတဲ့ အဆင့်ပါ။ Guide တွေကို ဆွဲထုတ်ဖို့အတွက် ပုံရဲ့ အပေါ်နဲ့ ဘယ်ဘက် ထောင့်မှာ ရှိတဲ့ Ruler နေရာကို သွားပြီး Drag ဆွဲရပါမယ်။ ဒါဆိုရင် လိုအပ်သလောက် Guide လိုင်းတွေကို ဆွဲထုတ်လို့ ရပါမယ်။ သင့်ဆီမှာ Longitude နဲ့ Latitude အတိုင်းအတာတွေ ရှိရင်ဖြင့် အဲဒီအတိုင်း နေရာတွေမှာ ချရပါမယ်။ (ဥပမာ။ ၀ ဒီဂရီ လောင်ဂျီကျု မျဉ်းဟာ ဂရင်းနစ် မြို့ကို ဖြတ်သွားပြီး။ အီကွေတာ မျဉ်းဟာ ကင်ညာနိုင်ငံကို ဖြတ်သွားပါတယ် စတာမျိုးပါ)
တကယ်လို့ သင့်ရဲ့ Photoshop ထဲမှာ အထက်ကလို ပေတံပုံစံမျိုး မတွေ့ခဲ့ဘူးဆိုရင်... View > Ruler သို့မဟုတ် Ctrl + R ကို နှိပ်ပြီး ခေါ်လို့ရပါမယ်။ လိုအပ်တဲ့ Guide Line တွေ ဆွဲထုတ်ပြီးလို့ အပေါ်က မြေပုံ Layer ကို ခဏ မျက်စိမှိတ်ကြည့်မယ်ဆိုရင်ဖြင့် Guide Line တွေကို ဒီအောက်ကလို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီလို မြင်နေရတဲ့ အပြာရောင် Guide Line တွေဟာ Print ထုတ်တဲ့အခါ၊ ဒါမှ မဟုတ် Jpeg/ Gif စသည်ဖြင့် ပုံတစ်ခုခု ပြောင်းပြီး အင်တာနက် စတာတွေပေါ် တင်တဲ့အခါ ဒီလိုင်းတွေ ပါလာမှာ မဟုတ်ပါဘူး။ Photoshop အတွင်းမှာသာ ခေါ်ယူ အသုံးချနိုင်တဲ့ Guide Line တွေ ဖြစ်ပါတယ်။
Guide Line တွေမြင်နေရတာကို ဖျောက်ထားချင်ရင် View > Show > Guides (သို့မဟုတ်) Ctrl + ; ကို နှိပ်လို့ပြီး အဖွင့်အပိတ် လုပ်နိုင်ပါတယ်။

(၅) ဒါကတော့ Line တွေကို Print ထုတ်တဲ့အခါ ပါလာစေဖို့ နောက်ထပ် Layer အသစ်တစ်ခု ခေါ်ပြီး ဆွဲတဲ့ အဆင့် ဖြစ်ပါတယ်။ ပထမ Layer အသစ်တစ်ခု ခေါ်ပါမယ်။ အဲဒီ Layer ကို Straight Line လို့ နာမည်ပေးလိုက်ပါမယ်။ ပြီးရင် Line Tool ဆိုတာကို ရွေးပါမယ်။ အဲဒီမှာ Line Weight ကို 1 px ထားပါမယ်။ တကယ်လို့ သင်က လိုင်းထူထူ လိုချင်ရင်တော့ Weight ကို တိုးလို့ ရပါတယ်။

ပြီးရင် အထင်လိုင်းတွေ (Dash Line တွေ မဟုတ်တာ) ကို အရင်ဆုံး ဆွဲပါမယ်။ ဆွဲတဲ့အခါ Shift ကို ဖိပြီး ဆွဲရင် Horizontal/ Vertical အတိအကျရပါလိမ့်မယ်။ ဆွဲပြီးလို့ Guide Line တွေကို ခဏဖျောက်ကြည့်မယ်ဆိုရင် အောက်က အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
(၆) ဒီအဆင့်နဲ့ နောက်အဆင့် နှစ်ခုက Dash Dot Line တွေ ဆွဲဖို့အတွက် နောက်ထပ် New File တစ်ခု ဖန်တီးပြီး Preset Brush တစ်ခု ပြုလုပ်တဲ့ နည်းပါ။

အဲဒီအတွက် File > New File သို့မဟုတ် Ctrl + N နဲ့ ဖိုင်အသစ်တစ်ခု ခေါ်ပါမယ်။ ဖိုင်ရဲ့ ဆိုဒ်ကို 10 px နဲ့ 3 px ထားပါမယ်။ ပွင့်လာတဲ့ ဖိုင်အရွယ်က သေးသေးလေး ဖြစ်နေပါလိမ့်မယ်။ ဒါကို Zoom Tool (Z) နဲ့ ချဲ့ကြည့်ရပါမယ်။

(၇) ပြီးရင်တော့ Layer အသစ်တစ်ခု ခေါ်ပါမယ်။ Rectangular Marquee တစ်ခု ခေါ်ပြီး အလျား နဲ့ အနံ (5 px - 1 px)  ရှိတဲ့ Selection တစ်ခုရယ်... အလျားနဲ့ အနံ (1 px - 1 px) ရှိတဲ့ Selection တစ်ခုကို ရွေးခြယ်ပြီး အနက်ရောင် ဖြည့်လိုက်ပါမယ်။ အောက်က အတိုင်း တွေ့ရမှာပါ။
အနံ (အမြင့်) ကို 1 px ပဲ ယူထားပါတယ်။ ဒါဟာ Brush ဆွဲတဲ့အခါ Line ရဲ့ အထူကို 1 px လိုချင်လို့ ဖြစ်ပါတယ်။ ဒီ Brush မှာ 5 px ရှိတဲ့ Dash တစ်ခုနဲ့  1px ရှိတဲ့ Dot တစ်ခုဟာ 2 px  အကွာအဝေးစီခြားပြီး သွားပါလိမ့်မယ်။ လိုတဲ့ အကွာအဝေးနဲ့ အတိုင်းအတာကို မိမိဘာသာ စိတ်ကြိုက် ဖန်တီးနိုင်ပါသည်။

ပြီးရင်တော့ Ctrl + D နဲ့ Deselect လုပ်ပါမယ်။ အဲဒီနောက်မှာ အောက်က Background Layer ကို Hide လုပ်လိုက်ပါမယ်။ ဒါပြီးရင် Edit > Define Brush Preset ကိုသွားပါမယ်။ ကျလာတဲ့ Box မှာ Brush နာမည်ကို ပေးပါမယ်။ ဒီမှာတော့ Dash Dot လို့ပေးလိုက်ပါတယ်။

ဒါဆိုရင်တော့ ဒီဖိုင်ကို ပိတ်လို့ ရပါပြီ။ File ကို Save လုပ်ဖို့ မလိုအပ်ပါဘူး။

အထက်က အဆင့် (၆) ကနေ (၈) အထိဟာ Dash Dot Line ဆွဲဖို့အတွက် Brush Preset တစ်ခု ဖန်တီးတာ ဖြစ်ပါတယ်။ တကယ်လို့ Dashed Line တွေ လိုချင်ရင်ဖြင့် အဲဒီနေရာမှာ အထက်ကလို Dot မပါဘဲ Dash တစ်ခုတည်း ထားရမှာ ဖြစ်ပါတယ်။ Dot Line တွေချည်းပဲ လိုချင်ရင်တော့ ဖိုင်အသစ် ဖန်တီးဖို့ မလိုပါဘူး။ Photoshop ထဲမှာ ရှိပြီးသား Hard Round Brush တစ်ခုနဲ့ ဖန်တီးလို့ ရပါတယ်။

(၉) လိုအပ်တဲ့ Brush ကို ဖန်တီးပြီးရင်တော့ ပထမလုပ်နေတဲ့ မြေပုံရှိတဲ့ ဖိုင်ကို ပြန်သွားပါမယ်။ အဲဒီမှာ Straight Line ဆိုတဲ့ အပေါ်မှာ Dash Dot ဆိုပြီး Layer သစ်တစ်ခု ထပ်ခေါ်ပါမယ်။

Window > Brushes ကို နှိပ်ပါ။ ဒါမှ မဟုတ် F5 ကို နှိပ်လို့ ရပါတယ်။ Brush Tool Palette ကျလာတာကို တွေ့ပါမယ်။ စောစောက ဖန်တီးထားတဲ့ Dash Dot Brush ကို ရှာပါမယ်။

Brush Tip Shape ကို ဝင်ပြီးတော့ Brush Spacing ကို အဆုံးဖြစ်တဲ့ 1000% မှာ ထားလိုက်ပါမယ်။ ဒါဆိုရင်တော့ သင် ပထမဖန်တီးထားတဲ့ အကွာအဝေးတွေအတိုင်း ပြန်ရပါလိမ့်မယ်။ Brush ရဲ့ Diameter ကို 8 px ပဲ ထားပါမယ်။ ဒါဆိုရင်တော့ သင်ဖန်တီးထားတဲ့အတိုင်း 1 px အထူ ရှိတဲ့ လိုင်းကို ရပါမယ်။ Diameter ကို 16 px ယူရင်ဖြင့် 2 px ရှိတဲ့ လိုင်းကို ရမှာ ဖြစ်ပါတယ်။ စမ်းသပ်ကြည့်ပါ။ စိတ်တိုင်းကျရင်တော့ဖြင့် Dash Line တွေကို ဆွဲပါမယ်။

(၁၀) Brush Color ကို အစိမ်းရောင် ရွေးထားလိုက်ပါတယ်။ ပထမဆုံး လိုင်းဆွဲချင်တဲ့ စမယ့်နေရာကို Brush နဲ့ တစ်ခါ ကလစ်လုပ်ပါ။ ပြီးရင် Mouse ကို လွှတ်ထားလိုက်ပါ Shift ကို ဖိထားလိုက်ပြီး လိုင်းအဆုံးသတ်ချင်တဲ့ နေရာကို ကလစ်လုပ်ပါ။ စုစုပေါင်း ၂ ခါပဲ နှိပ်ရမှာ ဖြစ်ပါတယ်။ ဆွဲပြီးသွားလို့ Guide Line တွေကို ဖျောက်ကြည့်မယ်ဆိုရင်ဖြင့် အောက်က အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် Tutorial က Line Tool နဲ့ Brush Tool ကို အသုံးပြုပြီး Grid တွေကို ရေးဆွဲတာဖြစ်ပါတယ်။ ဒီနည်းဟာ အစိတ်အကျဲ မညီတဲ့ အကွက်တွေကို ချတဲ့ နေရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။ အစိတ်ညီတဲ့ အကွက်တွေကို ချချင်ရင်ဖြင့် Pattern Tool ကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အဲဒါကိုတော့ နောက် Tutorial တစ်ခုမှာ တင်ဆက် ရေးသားသွားပါ့မယ်။

မြေပုံပေါ် dashed line, dash-dot line များ ဆွဲပုံဆွဲနည်းကို Mail က တဆင့် မေးမြန်းလာတဲ့ ကိုမင်းထက် အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။

No comments:

Popular Posts