Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 8, 2012

Computer Graphic နှင့်ဆိုင်သော ဝေါဟာရများ (၁)

Anonymous | Wednesday, February 08, 2012 | Best Blogger Tips


ဒီပို့စ်မှာ Web Designer များ တွေ့ကြုံ ရင်ဆိုင်ရသည့် Graphic နဲ့ ဆိုင်တဲ့ ဝေါဟာရများကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အဘိဓာန်ထဲကလို A to Z စီစဉ်ပြီး ပြောပြသွားမှာ မဟုတ်ဘဲ တူရာ ဝေါဟာရတွေကို စုစည်း ပြောပြသွားမှာဖြစ်ပါတယ်။ English Terminology တွေကို မြန်မာလို ပြန်ဆိုသည့်အခါ စာမချောသည်များ ရှိကောင်းရှိနိုင်မည်ဖြစ်၍ နမူနာပုံများနှင့် ယှဉ်တွဲလေ့လာကြဖို့လည်း အကြံပြုလိုပါသည်။
+++++++++++++
Transparency
Transparency ထည့်သွင်းထားသောပုံများသည် နောက်ခံ Background ကို ဖောက်ထွင်း မြင်နိုင်လေသည်။ နမူနာပုံများကို ကြည့်ပါ။
Transparency အသုံးပြုခြင်းဖြင့် နောက်ခံကို မြင်ရပုံ

+++++++++++++


Opacity
Opacity 100% ရှိသော ပုံတစ်ခုသည် အလင်းမဖောက်နိုင်သော အရာဝတ္ထုနှင့် အလားသဏ္ဍာန် တူလေသည်။ Opacity လျှော့ချထားသော ပုံတစ်ခုသည် အလင်းဖောက် ဝတ္ထုကဲ့သို့ဖြစ်လာမည် ဖြစ်သည်။ Opacity 0% ပေးလိုက်လျှင် မူလပုံသည် Invisible object တစ်ခုကဲ့သို့ ပျောက်ဆုံးသွားမည် ဖြစ်သည်။ အောက်တွင် နမူနာ ကြည့်ပါ။
Opacity လျှော့ချခြင်းဖြင့် နောက်ခံကို ဖောက်မြင်ရပုံ
Opacity နှင့် Transparency နှစ်ခု စလုံးကို အသုံးပြုထားသောပုံ

+++++++++++++


Alaising

Alaising ဆိုသည်မှာ Bitmap Image များတွင် ကြုံတွေ့ရသော ပြဿနာ ဖြစ်လေသည်။ Bitmap Image များသည် Resolution ပေါ် အခြေခံရသဖြင့် Resolution နည်းလျှင်ဖြစ်စေ၊ ပုံကို အနီးကပ် ချဲ့ကြည့်သည့် အခါတွင်ဖြစ်စေ၊ Font များကို (ဖောင့်အနေမှ ရုပ်ပုံအဖြစ်သို့) Rasterize လုပ်သည့် အခါတွင်ဖြစ်စေ... မူလမှန်းထားသလောက် ညီညာချောမွေ့မှု မရှိဘဲ လိုင်းအထစ်အထစ်များ ဖြစ်နေခြင်းကို Alaising ဟု ဆိုလေသည်။

Alaising သည် ထောင့်မတ်ကျ ပုံများတွင် ပြဿနာ မဖြစ်ပေါ်သော်လည်း မျဉ်းစောင်းများ မျဉ်းကွေးများအတွက် ပြဿနာ ရှိလေသည်။ အောက်မှ နမူနာပုံများကို ကြည့်လျှင် Alaising ကို သဘောပေါက်မည် ဖြစ်လေသည်။
ထောင့်မတ်ကျ ပုံများတွင် Aliaisng ပြဿနာ မဖြစ်ပါ
မျဉ်းစောင်းများနှင့် မျဉ်းကွေးများရှိ Aliasing ပြဿနာ

+++++++++++++


Anti-alaising

အထက်တွင် သင်တွေ့ခဲ့သော ချောမွေ့မှု မရှိသော ပုံများကို ချောမွေ့စေရန် ဖန်တီးပေးသော Graphic Feature တစ်ရပ်ကို Anti-Alaising ဟု ခေါ်လေသည်။
Anti-alaising သည် ပုံကို ချောမွေ့စေသည်

+++++++++++++


Halo Effect

Halo Effect ဆိုသည်မှာ ပုံများကို Transparent လုပ်သော်လည်း ပုံ၏ အနားပတ်လည်တွင် ရောင်ခြည်ဝန်း သဏ္ဍန်၊ Outline များ ကျန်ရစ်ခဲ့ခြင်းကို ဆိုလိုပါသည်။ Halo Effect သည် 16.7 Million Colors အသုံးပြုသော Jpeg စသည့် ဖိုင်များကို 256 Colors သာ အသုံးပြုသော GIF ဖိုင်သို့ ပြောင်းပြီး နောက်ခံကို Transparent လုပ်သည့်အခါတွင် အဖြစ်များလေသည်။ အဲဒီအခါမှာ အကြည့်ရဆိုးတဲ့ ပုံတွေကို ပေးပါတယ်။ နမူနာပုံတွင် ကြည့်ပါ။
Halo Effect ကြောင့် ဖြစ်လာသော GIF ပုံတစ်ခု

+++++++++++++


Halo Effect ကို လျှော့ချမည်ဆိုလျှင်
- GIF များသည် 256 Colors သာ လက်ခံနိုင်လေသဖြင့် အကယ်၍ သင်၏ ရုပ်ပုံကို Transparency ထည့်မည် ဆိုလျှင် မူလပုံကို Photoshop စသည်တို့တွင် ဖန်တီးသည့်အခါ... ပုံများ Text များ၏ Anti-alaising Feature ကို ပိတ်ထားရမည် ဖြစ်သည်။ သို့မဟုတ်လျှင် Halo Effect သက်ရောက်နိုင်လေသည်။

- တကယ်လို့ သင်ဟာ Layer တွေ ခွဲပြီး ဖန်တီးလို့ရတဲ့ Photoshop စတဲ့ Software တွေ အသုံးပြုမယ်ဆိုရင် Background ကို Layer တစ်ခုအနေနဲ့ ထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သင့်ရဲ့ ပုံကို Transparency လုပ်ချင်တယ်ဆိုရင် ထို Background Layer ကို ပိတ်ထားလိုက်ရင် Halo Effect ဖြစ်လာဖို့ နည်းပါလိမ့်မယ်။


- နောက်တစ်ချက်က Photoshop မှာ ဖိုင်ကို သိမ်းတဲ့အခါ ဖြစ်ပါတယ်။ File > Save for Web and Devices ဆိုတဲ့နေရာမှာ GIF ဖိုင်ကို သိမ်းတဲ့အခါ Matte Color ကို ရွေးပေးလို့ ရပါတယ်။ အဲဒီမှာ နောက်ခံ အဖြူအစား တခြားလိုက်ဖက်တဲ့ အရောင်တွေကို ရွေးပေးခြင်းကလည်း ပြေလည်စေပါမယ်။
Photoshop မှာ Matte Color ကို ပြောင်းပြီး သိမ်းမယ်ဆိုရင်
Matte Color ပြောင်းလဲပြီး Halo Effect ကို ပျောက်စေခြင်း
အလျဉ်းသင့်တဲ့အခါ Web မှာ အသုံးများတဲ့ ဖိုင်အမျိုးအစားတွေ ဖြစ်တဲ့ GIF, JPG, PNG တို့ရဲ့ ကွာခြားပုံနဲ့ အသုံးပြုပုံတွေကို ပြောပြသွားပါမယ်။

No comments:

Popular Posts