Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Saturday, May 5, 2012

မျှော်လင့်ဆဲပါ.....

Anonymous | Saturday, May 05, 2012 | Best Blogger Tips
ပုံပြင်ထဲကလို
အိပ်ပျော်နေတဲ့ ကောင်မလေးကိုနှိုးဖို့
ရောက်လာခဲ့တာပါ...။
တယုတယ ဂရုစိုက်ခြင်းနဲ့ ရက်လုပ်တဲ့
နံနက်ခင်းလေးကို
သူ့ကိုယ်ပေါ်မှာ ခြုံလွှမ်း
အနမ်းတစ်ခုကိုငံ့လင့်နေတဲ့
မပိုင်မပန်း အကြည့်တို့
အရောင်ခြယ်ထားတဲ့ လေထုကို
သူ့နား ကွေဝိုက်ဖြတ်သန်းရင်း
သူ့အသက်ရှုသံလေးတွေ
ပူနွေားလာမယ့် နေ့ရက်ကို
စောင့်ခဲ့.........။
စောင့်ရင်းနဲ့ပဲ
အချိန်တွေလည်း တမြေ့မြေ့ကုန်လွန်ခဲ့...။
အိပ်ချင်ယောင်များ ဆောင်နေသလားကွယ်....
ဒါမှမဟုတ်....
အအိပ်မက်လွန်းတဲ့
မင်းနှလုံးသားကိုသာ
အပြစ်ဆိုရတော့မှာပဲ.......။

No comments:

Popular Posts