Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Saturday, May 5, 2012

ထာဝရ.......ချစ်သူ

Anonymous | Saturday, May 05, 2012 | Best Blogger Tips

မင်း..မျက်နှာအလွှဲမှာ
တစ်ဘ၀လုံးစာ ငါ..ရှုံးနိမ့်သွားခဲ့တယ်....
အိုက်တင်ကောင်းတဲ့ မာယာတွေနဲ့
မျက်လှည့်ဆရာ ဦးထုပ်ထဲက ယုန်လေးလို
ငါ လွယ်လွယ် ပျောက်ဆုံးသွားရမှာလား.......
ခန္ဒာကိုယ်တစ်ခုလုံးနဲ့
ငါ့နှလုံးသားကိုပါ
မင်းဖျောက်ဖျက်ပစ်ဖို့ လွယ်ပေမယ့်
ကြင်နာခဲ့တဲ့နေ့ရက်တို့ကို
မင်း...ငြင်းဆန်ဖို့ခက်လိမ့်မယ်.....။
အနမ်းတစ်ခုဟာ အနမ်းတစ်ခုအဖြစ်နဲ့
ခြေရာတစ်စုံဟာ ခြေရာတစ်စုံအဖြစ်နဲ့
အရင်နေရာဟောင်းတွေမှာ လွင့်ကျန်ရစ်ဦးမယ်....။
အချစ်ဆိုတာ
စကားတစ်လုံးသက်သက် မဟုတ်ဖူး...
လေထဲမှာ မှိန်ပြယ်သွားတတ်ပေမယ့်
နှလုံးသားမှာ ခပ်နှိပ်တဲ့အရာဖြစ်တယ်...။
ငါဟာ....မင်းအတွက်
တဒင်္ဂ ယစ်မူးမှုဖြစ်နိုင်ပါတယ်
ဒါပေမယ့်........
မင်းဟာ...ငါ့အတွက်
ထာဝရကြေကွဲမှုဖြစ်ခဲ့တယ်..........။
မင်း....တန်ဖိုးမထားသည်ဖြစ်စေ...
မေ့လျော့သည်ဖြစ်စေ....
တစ်ခုတော့...မင်းသိသင့်တယ်
လူဆိုးမှာဖြစ်ဖြစ်...သူရူးမှာဖြစ်ဖြစ်
အချစ်ဆိုတာ အချစ်ပါပဲ....။
ငါ့ မျှော်လင့်ချက်တွေကို နင်းပြီး...
မင်း..ဖြတ်ကျောသွားခဲ့
ပျော်ရွှင်စေဖို့ ဆုတောင်းကသာ
ငါတုန့်ပြန်တဲ့ တစ်ခုတည်းသောအရာပါ.....။
အဆုံးစွန်ထိ မင်း...ရက်စက်ခဲ့တယ်
အဆုံးစွန်ထိ ငါ...ကြေကွဲခဲ့တယ်
ဒါပေမယ့်....
ပြုံးပြီးသာ ငါ...ကျေနပ်ခဲ့တယ်....
ဘာဖြစ်လို့လဲဆိုတော့
အဲဒါ....
မင်း .. ဖြစ်နေလို့ပေါ့....။   ။
 
 

No comments:

Popular Posts