ဝန်ခံပါတယ်
ချစ်ခဲ့မိပါတယ်
တစ်ကြိမ်တစ်ခါမက
ဟောဒီနှလုံးသားထဲ
မင်းနဲ့စတွေ့တဲ့နေ့ကစလို့
ဒီနေ့အထိပါပဲ...ချစ်သူ....။
လွမ်းခဲ့မိပါတယ်
အကြိမ်တစ်ရာမက
ဟောဒီ ရင်ဘတ်ထဲ
မင်းနဲ့မတွေ့ရတဲ့အချိန်တိုင်းပေါ့.....။
ခံစားခဲ့မိပါတယ်
ကုဋေကုဋာမက
ဟောဒီအသဲလေးထဲ
မင်းနဲ့ဝေးရတဲ့နေ့ကစလို့
ဒီနေ့အထိပါပဲ...ချစ်သူ......။
တမ်းတခဲ့မိပါတယ်
အသင်္ချေ အနန္တ
မင်းနဲ့ဆုံဆည်းမဲ့နေ့ရက်တွေ
လက်ချိုးကာ ရေတွက်နေမိတာ
ဒီနေ့အထိပါပဲ....ချစ်သူ....။ လွမ်းဝေဟင်(စကားဝါ)
No comments:
Post a Comment