ကွဲအက်သံ
နှစ်သစ်ရယ်ကူး
ပိတောက်ဖူးနှင့်
နွေဦးလေပြေ
မြူးဆော့ချိန်ဝယ်
တိမ်ငယ်လေးများ
ပြေးလွှားလွင့်မျော
ဝေဟင်တောဝယ်
ဆော့ကစားစဉ်
သဲပလ္လင်ထက်
ကွဲအက်စူးရှ
နွမ်းလျရင်မှာ
အကြင်နာခက်
သူရက်စက်လို့
နှလုံးသည်းပွတ်
ကွဲအက်သံစဉ်
ဟပ်ထင်ခဲ့ပြီ......။
လွမ်းဝေဟင်(စကါးဝါ)
No comments:
Post a Comment