Photoshop ရဲ့ Pen tool
အကြောင်းလေ့လာကြည့်ရအောင်၊ Adobe Illustrator သုံးတတ်သူတွေအတွက်ကတော့
မခက်ခဲပါဘူး။ တော်တော်လေးဆင်တူပါတယ်။ နောက်ပြီး Pen tool
သုံးပြီးဆွဲထားတဲ့ Path တစ်ခုကိုလည်း Illustrator သို့ Export
(File>Export>Path to Illustrator) ပြန်ထုပ်လို့လဲရပါတယ်။ အခု Pen
tool ကို Tool box ကနေရွေးလိုက်ပါမယ်။
Pen tool မှာအဓိကရွေးချယ်စရာက Shape layers နဲ့ Paths
ဖြစ်ပါတယ် (Tool Option bar မှာကြည့်ပါ)၊ Shape layers ကတော့
ဆွဲလိုက်သမျှမှာ Layer အသစ်တွေဖြစ်လာပြီး Paths ကတော့ Layer
အသစ်ဖြစ်မလာပါဘူး (window>Paths မှာသွားပြန်ကြည့်ရမှာပါ)။
အသုံးအများဆုံးကတော့ Paths ပါပဲ။
အခု Paths Option ကိုရွေးလိုက်ပြီး
နောက်ထပ်သတိပြုရမှာကOperation ပါ၊ Selection တွေလိုပါပဲ Add, Subtract,
စသည်ဖြင့်ရှိပါသေးတယ်။ အခုတော့ Add to path area ကိုပဲရွေးပါမယ်။
အောက်မှာပြထားတဲ့ပုံအတိုင်း Anchor point လေးတွေလုပ်လိုက်ပါမယ်။ လိုချင်တဲ့နေရာတွေမှာ Click လုပ်ရုံပါပဲ။
နောက်တစ်ခါ Pen tool ရဲ့အောက်မှာ Hidden tool တွေရှိပါတယ်။
Anchor point လေးတွေထပ်ဖြည့်ချင်ရင် Add Anchor point tool
၊ဖျက်ချင်ရင် Delete Anchor point tool တို့ရှိပါတယ်။ အခု Convert
point tool ကိုရွေးပါမယ်။ သူကတော့ curve
တွေလုပ်ချင်တဲ့အခါမှာသုံးပါတယ်။
အဲဒီ Convert Point Tool နဲ့ စောစောကဆွဲထားတဲ့ Path
ရဲ့အပေါ်က Anchor ကို Click လုပ်ပြီးညာဘက်ကို Drag လုပ်ပေးပါမယ်။
ဒါဆိုရင် Tangent line တစ်ခုပေါ်လာပါတယ်၊ အဲဒီ Tangent line ရဲ့
အလျားနဲ့ Degree ဟာ Curve ကိုဖန်တီးပေးပါတယ်။ စမ်းကြည့်ပါ။
အခုလို Tangent line ပေါ်ပြီးတဲ့နောက်မှာ Ctrl key
နှိပ်ပြီး Anchor pint ကိုလုချင်တဲ့နေရာ ရွေ့လို့ရပါတယ်။ Tangent line
ရဲ့ အစွန်းမှတ်တွေကို Click and drag လုပ်ရင်တော့ Curve ဟာ Tangent
မျဉ်းအတိုင်းပြောင်းလဲသွားမှာပါ။
Path ရဲ့ Anchor point လေးတွေကို Tool box မှ Direct
Selection tool သုံးပြီးရွေလို့ရပါတယ်၊ move လုပ်လို့ရပါတယ်။ Path
တစ်ခုလုံး ဆိုရင်တော့ Path selection tool နဲ့ရွေ့ရမှာပါ။
အခု window>paths ကိုရွေးပြီး Path palette
ကိုဖွင့်လိုက်ပါမယ်၊ အဲဒီမှာ working path တစ်ခုကိုတွေ့မှာပါ၊ သူ့ကို
Right click နှိပ်လိုက်ရင် options တွေကိုမြင်ရပါပြီ။ Make Selection
ကိုရွေးလိုက်ပါမယ်။
ဒါဆို selection တစ်ခုရလာပါမယ်။ အဲဒီမှာ ရှေဆုံးက Anchor
pint နဲ့ နောက်ဆုံးက Anchor pint ကို Selection မှာ Straight line
အတိုင်းဆက်သွားတာတွေ့ရပါမယ်၊ (Deselect ပြန်လုပ်ပါမယ်) ဒါကြောင့် Path
တွေဟာ Close ဖြစ်ဖို့လိုပါမယ်။ ဒါကြောင့်အခု Pen tool ကိုပြန်ရွေးပြီး
နောက်ဆုံးက Anchor pint ကို select ပြန်ပေးလိုက်ပါတယ်။ ပြီးမှ
ရှေ့ဆုံးက Anchor pint ကို Click လုပ်ပြီး Mouse ကိုပြန်မလွှတ်ပဲ
ဘယ်ဘက်အပေါ်ကို Drag ကြည့်ပါ၊ Tangent line ပေါ်လာပြီး Curve
တစ်ခုဖြစ်လာမှာပါ။ အောက်ကပုံအနေအထား လောက်ရရင် mouse
ကိုလွှတ်လိုက်ပါမယ်။
Ok အခုအချိန်မှာ Pen tool နဲ့ပဲ path ပေါ်မှာ Right click
နှိပ်ပြီး Make Selection လုပ်ပြီး အရောင်တစ်ခုခု Fill
လိုက်ရင်ဒီလိုမြင်ရပါမယ်၊
ဒီလောက်ဆို Pen tool ကိုအသုံးပြုတတ်ပါပြီ၊ Pen tool ကို
Selection လိုသဘောထားပြီး Add, subtract လုပ်နိုင်ပါသေးတယ်။ Lasso tool
တွေသုံးတဲ့အတိုင်းပါပဲ။ နောက်တစ်ခေါက်မှာတော့ Pen tool အသုံးပြုပြီး
Logo ပုံတစ်ခုဆွဲတာကိုလည်းတင်ဆက်ပေးပါဦးမယ်။
No comments:
Post a Comment