Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 8, 2012

Operation of Selections

Anonymous | Wednesday, February 08, 2012 | Best Blogger Tips

ဒီတစ်ခါတော့ selection တွေအကြောင်းကိုနဲနဲလေးပြောချင်ပါတယ်။ အဓိကတော့ selection တွေကို တစ်ခုနဲ့တစ်ခု ဘယ်လိုပေါင်းမလဲ တစ်ခုထဲကနေတစ်ခုကို ဘယ်လိုနှုတ်မလဲ intersect ဘယ်လိုယူမလဲဆိုတာပါ။ အခုအရင်ဆုံးအောက်မှာပြထားတဲ့ပုံကိုကြည့်ပါ tool option bar ဟာ tool တစ်ခုခုကိုရွေးလိုက်တိုင်း ထို tool နဲ့ ပတ်သက်တဲ့ option တွေကိုလာပြပေးပါတယ်။ အခုပုံဟာဆိုရင် elliptical marquee tool ရဲ့ option တွေပါ။
အနီရောင်ဝိုင်းပြထားတဲ့ area ကိုတော့ selection ရဲ့ operation တွေလို့ခေါ်ရမှာပါ။
၁) ပထမဆုံးလေးထောင့်ကွက်လေး (New Selection) ကို နှိပ်ထားရင် နောက်ထပ် selection တွေဆွဲသမျှရှေ့က selection တွေပျက်သွားပါတယ်။
၂) ဒုတိယက Add to selection ပါ။ selection တစ်ခုနဲ့နောက်ထပ် selection တစ်ခုပေါင်းလိုက်တာပါ။
၃) တတိယက Subtract from selection ပါ။ selection တစ်ခုထဲကနေ နှုတ်လိုက်တာပါ။
၎) စတုတ္ထကတော့ Intersect with selection ပါ။ selection တစ်ခုနဲ့တစ်ခု ဘုံတူတာကိုရွေးတာပါ။

အသေးစိတ်ပြန်သွားကြရအောင်
New selection ကိုနှိပ်ထားပြီး selection တွေဆွဲရင် ရှေ့က selection တွေပျက်ပြီး နောက်ဆွဲတဲ့ selection ပဲကျန်ခဲ့တာကတော့ ပြောစရာသိပ်မရှိပါဘူး စမ်းကြည့်ပါ။ အခု add to selection ကိုပြောရအောင်။ အရင်ဆုံး စက်ဝိုင်းတစ်ခုကို elliptical marquee သုံးပြီးဆွဲလိုက်ပါမယ်။ rectangular marquee tool ကိုရွေးပါ။ ပြီးရင် tool option bar ကနေ add to selection ကိုနှိပ်ထားပါ။ ဒီနောက်မှာတော့ လေးထောင့်တစ်ခု ဆွဲပါမယ်။ mouse ကို click နှိပ်ပြီး drag ဆွဲပါ။ ပြန် release မလုပ်ပါနဲ့ဦး။ အဲဒီအချိန်မှာ space bar ကိုနှိပ်ပြီး mouse ကိုရွေသွားပြီး စက်ဝိုင်းပုံထဲကိုဆွဲပါမယ် ပြီးမှ space bar ကိုလွတ်ပါ mouse ကိုလဲ release လုပ်ပါ။
space bar ဖိထားတဲ့အချိန်မှာ mouse ကို drag ဆွဲတာဟာ selection ကိုနေရာရွေ့တာဖြစ်ပြီး space bar မနှိပ်ပဲ mouse ကို drag ဆွဲတာဟာ selection ကို အသေးအကြီး ပြုလုပ်တာပါ။
ဒါဆိုရင် selection subtraction ကလဲဒီလိုပါပဲ။ အခု စက်ဝိုင်းတစ်ခုအရင်ဆွဲပါမယ်။ ပြီးရင် subtract form selection ကို tool option bar ကနေရွေးပြီးမှ နောက်စက်ဝိုင်းတစ်ခုကိုဆွဲလာ ပထမစက်ဝိုင်းအနားကို space bar နှိပ်ပြီး drag ဆွဲလာပါ အခုလိုမြင်ရမှာပါ။
intersect ဆိုရင်တော့ စက်ဝိုင်းနှစ်ခု ဆုံတဲ့နေရာလေးပဲ ကျန်ခဲ့မှာပါ။
နောက်တစ်ခုက operation တွေကို tool option bar ကနေသွားမနှိပ်ချင်ရင် selection တွေမပြုလုပ်ခင် ဒီ shortcut တွေကိုသုံးနိုင်ပါတယ်

၁) mouse မနှိပ်ခင် Shift key ပြီးမှ selection ဆွဲရင် = add to selection

၂) mouse မနှိပ်ခင် Alt key ပြီးမှ selection ဆွဲရင် = subtract form selection
၃) mouse မနှိပ်ခင် Alt + Shift key ပြီးမှ selection ဆွဲရင် = intersect with selection

တကယ်လို့

၁) mouse နှိပ်ပြီးမှ Shift key နှိပ်ရင် Circle or Square
၂) mouse နှိပ်ပြီးမှ Alt key နှိပ်ရင် Start form centre ပါ ( မိမိ mouse နှိပ်မိခဲ့တဲ့နေရာ ကနေဗဟိုပြုပြီး selection ဟာ အပြင်ဘက်ကိုထွက်သွားပါတယ်)
၃) mouse နှိပ်ပြီးမှ Shift + Alt key နှိပ်ခဲ့ရင်တော့ start form centre နဲ့ circle or square လို့ဆိုလိုတာပါ။ မိမိဘာသာစမ်းသပ်ကြည့်ပါဦး။

မှတ်ချက်။ ။ htin lin (
htinlin.10@gmail.com ) ရဲ့ Intersect မေးခွန်းကိုဖြေဆိုခြင်းပါ။ ဒီထက်ပိုသိလိုပါကလည်း ဆက်သွယ်ပါရန်နှင့် ကျေနပ်နိုင်လိမ့်မည်ဟုမျှော်လင့်မိပါသည်။

No comments:

Popular Posts