Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 22, 2012

ချစ်ပုံပြင်

Anonymous | Wednesday, February 22, 2012 | Best Blogger Tips



ချစ်ပုံပြင်
ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့ သူဋ္ဌေးကြီး ကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့..... ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....
ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျာဉ်ကြီးတစ်ခုရှိသတဲ့.... အဲဒီပန်းဥယျာဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်းငေးရတယ်ဆိုပဲ.....
အဲဒီပန်းဥယျဉ်ရဲ့ဥယျာဉ်မှုးလေးက လည်း ငယ် ငယ်ချောချောလေးတဲ့......
ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲနေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျာဉ်ကြီးကိုငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုးနော်...
ဥယျာဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော... မြင်မြင်ချင်ကို ချစ်တယ်ဆို တာအဲဒီကစတာပဲတဲ့
ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေကို ပဲပေးတာပေါ့ကွာ..... မင်းသမီးလေကလဲ ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....
တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေပိုလာကြပါရောတဲ့....... သိပ်မကြာပါဘူး သူဋ္ဌေးကြီးကအဲဒီအကြောင်းကို သိသွားပါလေရော....
သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံ ဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့
အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့.... မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....
ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့ ဒီလိုနဲ့ ဥယျာဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့
ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင် ဒီသစ်ပင်လေးဟာ နေချင်းညချင်းကြီးလာပါစေ ဆိုပြီးဆုတောင်းသတဲ့ သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက် ကြာတဲ့အချိန်မှာပဲ ဘုံ ငါးဆင့်ကို ရောက်သတဲ့
ဥယျာဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း.... ဒီတော့သစ်ပင်လေးဟာထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့
မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ
စည်ပင်က ဓာတ်ကြိုးနဲ့မလွတ်လို့ဆိုပြီးလာခုတ်သွားပါလေရောတဲ့ကွယ်...... ပုံပြင်လေးကတော့ဒါပါပဲကွယ်...... သားသားမီးမီးတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....

No comments:

Popular Posts