Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 22, 2012

သဘောင်္သားရဲ့ ကတိ

Anonymous | Wednesday, February 22, 2012 | Best Blogger Tips

သေဘာၤပ်က္လာတဲ့ သေဘာၤသား နှစ်ယောက် ပင်လယ်ပြင်ကြီးထဲ ရက်ပေါင်းများစွာ
ကြာအောင် သစ်သားဖောင်လေး တစ်လုံးနဲ့ မျောပါနေကြပါတယ်. .သူတို့နှစ်ယောက်လုံး
ကြောက်ရွံ့ပူပန်နေကြတာဆိုတော့ သူတို့ထဲက တစ်ယောက်က ဖောင်ပေါ်
ဒူးထောက်ပြီး ဘုရားသခင်ဆီကို တိုင်တည် ဆုတောင်းတော့တာပေါ့ .. ."အို. . .
ဘုရားသခင် . . ကျွန်တောမျိုးစာ ကောင်းသော ဘ၀မျိုးနဲ့ မနေခဲ့ပါဘူး. . . အရက်လည်း
အလွန်အကျွံသောက်ခဲ့ပါတယ်. . . လိမ်လည် လှည့်ဖြား မှုလည်း ပြုခဲ့ပါတယ်. .
လောင်းကစားမှုလည်း ပြုခဲ့ပါတယ်. . မိန်းမလည်း လိုက်စားခဲ့ပါတယ်. . . ကျွန်တော်မျိုးစာ
မကောင်းမှုများစွာ ကျူးလွန်သူဖြစ်ပါတယ်. . . တကယ်လို့ ဘုရားသခင်အနေနဲ့
ကျွန်တောမျိုးကို ဒီပင်လယ်ပြင်ကြီးထဲကနေ ကယ်တင်မယ်ဆိုရင် ကျွန်တော်မျိုး
ဘုရားသခင်ကို ကတိပေး. . . . "ဒီအချိန်မှာ သူ့အဖော် သဘောင်္သားက ပျာပျာသလဲ
ကမန်းကတန်း ဒီလို ထအော်ပြောလိုက်ပါရော. . ."ဟေ့. . .ဟေ့ တော်တော့
ဆက်မရွတ်နဲ့တော့ကွ. . . ရှေ့မှာ ကမ်းမြင်မိသလိုပဲ. .

No comments:

Popular Posts