Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 8, 2012

စာရွက်ဟောင်းလေး

Anonymous | Wednesday, February 08, 2012 | Best Blogger Tips


စာရွက်ဟောင်းလေး တစ်ခုပါ၊ အချိန်တွေကတော့ အတော်ကြာခဲ့ပါပြီ ဒါပေမယ့် စာရွက်လေးကတော့ အရောင်လေးမွဲနေတာ ကလွဲလို့ စာသားတွေကိုကောင်းကောင်းမြင်နေရတုန်းပါ၊ ကဲအဲဒီပုံစံလေးကို အခုပဲစလုပ်ကြည့်ရအောင်။

အရင်ဆုံး New Document တစ်ခုကို 1024 x 768 pixel နဲ့ဖန်တီးလိုက်ပါတယ်၊ ပြီးရင်တော့ foreground and background color တွေကိုတော့ Default color (press D key) ထားပါမယ်။ အဲဒီနောက် Filter>Render>Clouds ကိုယူလိုက်ပါမယ်။
တစ်ခါထပ်ပြီး Filter>Render>Difference Clouds ကိုယူလိုက်ပါဦးမယ်၊ ဒါဆိုရင်ပုံကို အခုလိုလေးမြင်နေရမှာပါ၊
နောက် Filter>Stylize>Emboss ကိုဒီ setting တွေအတိုင်းလုပ်ပါမယ်၊ (ဒါပေမယ့် Document အရွယ်အစားပေါ်မူတည်ပြီး သင့်စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်)
ပြီးရင်အဖြူဘက်ကိုများများလိုချင်တဲ့အတွက် Level command (Image>Adjustments>Levels or Ctrl + L) ကိုလည်း ဒီ Setting အတိုင်းယူထား ပါတယ်
နောက်တစ်ဆင့်ကတော့ Image>Adjustments>Brightness/Contrast ကိုယူပြီး အလင်းနဲနဲတင်ပြီး Contrast ကိုပါတင်လိုက်ပါတယ်။
ဒီအဆင့်ကတော့ စက္ကူကို အရောင်လေးနဲနဲပြောင်းပေးတဲ့ အဆင့်ပါ၊(Image>Adjustments>Color Balance or Ctrl + B) သင်စိတ်ကြိုက် အရောင် သာပြောင်းပါ၊ အခုတော့ အ၀ါရောင်နဲနဲပဲ တိုးလိုက်ပါတယ်။
ပြောခဲ့တဲ့ Step တွေအတိုင်းပြုလုပ်ခဲ့ရင်တော့ စက္ကူလေးကိုဒီလိုမြင်နေရပါပြီ၊
ပိုပြီးကြည့်လို့ကောင်းသွားအောင် ဒီလိုစာသားလေးနဲနဲဖြည့်ပေးလိုက်ပါတယ်၊ လက်ရေးပုံစံလေးနဲ့နီးစပ်တဲ့ ScriptC Font ကိုသုံးထားပါတယ်။

No comments:

Popular Posts