Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Sunday, January 1, 2012

မိမိ၏ဘလော့မှာ တစ်ခြားသူငယ်ချင်းတစ်ယောက်ဝင်ရေးလို့ရအောင်လုပ်မယ်။

Anonymous | Sunday, January 01, 2012 | Best Blogger Tips

ကိုယ်မအားရင်ပဲဖြစ်ဖြစ်၊ကိုနဲ့ဝါသနာ တူ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ဘလော့တစ်ခုတည်းမှာ အတူတကွ
ပေါင်းစည်းရေးသားနိုင်ပါတယ်။ Social network အငယ်စားလေးလုပ်နိုင်ပါတယ်။ကိုယ့် ရဲ့ blogspot ဆိုက်
မှာအဲဒီလိုလုပ် ထားခြင်းဖြင့် ကိုယ့်ဆိုက်နာမည် ကျော်ကြားစေသလို ကိုယ်လဲသက်သာပါလိမ့်မယ်။နောက်
ပြီးတော့ဝါသနာတူသူငယ်ချင်းတွေရဲ့ သလော့တွေကိုစုံညီစွာရေးသာတင်နိုင်မှာပါ။လိုအပ်ချက် အနေနဲ့
တော့ သင့်သူငယ်ချင်းတွေမှာ google အကောင့်တစ်ခုစီရှိရမှာပါ။တစ်ခြားအကောင့်တွေ Yahoo တိုလိုမျိုး
ဆိုရင်မရပါဘူး။

အဆင့်(၁)အနေနဲ့ မိမိ ဘလော့ဂါအကောင့်ကိုဝင်လိုက်ပါ။ပြီးရင် settings ထဲကိုဝင်ပါ permissions ကိုကလစ်ပါ အောက်ပါပုံလေး ကိုကြည့်ပါ
Blog Authors ဆိုတဲ့ခေါင်းစဉ်အောက်က နေသင့်သူငယ်ချင်း(ဘလော့ရေးမည့်သူကို)ဖိတ်ကြာလိုက်ပါ။
အထက်ကဖေါ်ပြပါပုံသည် ဖိတ်ကြားပြီအခြေ အနေဖြစ်ပါသည်။ကျွန်တော်ကတော့ ကျွန်တော့် email နောက်တစ်ခုနဲ့ စမ်းသပ်ထားတာပါ။အဲ နောက်ထပ်သူငယ်ချင်းတွေကို ထပ်ပြီးဖိတ်ချင်သေးရင်တော့
Invite more people to write your blog ဆိုတဲ့စာသားအောက်မှာထပ်ပြီးတော့သူငယ်ချင်း
အကောင့်တွေကိုဖိတ်ကြားနိုင်ပါတယ်။ သူ့ရဲ့အောက်ကခေါင်းစဉ်ဖြစ်တဲ့ Blog reader ကတော့ ကျွန်တော်
ခုရေးသားနေတဲ့ဒီပို့နဲ့ မဆိုင်ပါဘူးဗျာ။ screen shot လုပ်တုန်းက မှာပြီးပါလာတာပါ။
အထက်ပါအဆင့်ကိုလုပ်ဆောင်ပြီးပြီ ဆိုရင် google ကသင့်သူငယ်ချင်းတွေဆီ မေးပို့လိုက်ပါပြီ။
အဆင့်(၂)ကတော့ သင့်တာဝန်ပြီပါပြီ သင့်သူငယ်ချင်းလုပ်ရမှာပါ။ အောက်ဖော်ပြပါပုံ ကသင့်သူငယ်ချင်း
mail box ထဲကို google က mail ပို့ထားတဲ့ပုံလေးပါ။
ပုံလေးမှာဖော်ပြထားတဲ့အတိုင်း mail ထဲမှာလင့်တစ်ခုပေးထားမှာပါ။အဲဒါကိုကလစ်လိုက်ပါ။အဲလိုကလစ်
လိုက်ရင် နောက်ထပ် web page တစ်ခုပေါ်လာပါလိမ့်မယ်။အောက်မှာပုံလေးနဲ့ဖော်ပြထာပါတယ်။ အတည်ပြုခိုင်းတာပါ။
ဝိုင်းပြထားတဲ့နေရာကိုကလစ်လိုက်ပါ။blogger အကောင့်ထဲရောက်သွားပါလိမ့်မယ်။ဒါဆိုရင်ပြီးသွားပါပြီ။
အောက်မှာကျွန်တော်လုပ်ထားတာကိုပုံးလေးနဲ့ ဖော်ပြထားပါတယ်။ ကျွန်တော်ဘလော့နှစ်ခုကိုင်ထား
တာပေါ့။
မှတ်ချက်။     ။ဘလော့ဝင်ရေးသူများအနေနဲ့ owner ကဲ့သို့ပြည့်ပြည့်၀၀ အခွင့်အရေးမရှိပါ။

No comments:

Popular Posts