Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Sunday, January 1, 2012

လေ့လာသင်သောဝက်ဆိုဒ်

Anonymous | Sunday, January 01, 2012 | Best Blogger Tips
http://my-it.co.cc Print E-mail


ဒီနေ့ ဘော်ဘော်တို့နဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက် တစ်ခုကတော့ နည်းပညာဆိုင်ရာ ဗဟုသုတတွေ ရရှိစေနိုင်မယ့် ၀က်ဘ်ဆိုက်တွေကို ဖော်ပြ ချိတ်ဆက်ပေးထားပြီး ကွန်ပျူတာနည်းပညာသတင်း အတိုအထွာလေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
 http://my-it.co.cc ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာ သတင်းလေးတွေအနေနဲ့ ဗိုင်းရပ်စ် တိုက်ခိုက်မှုတွေ၊ ဆော့ဖ်ဝဲအသစ်ထွက်ရှိတဲ့ သတင်းတွေနဲ့ နည်းပညာနဲ့ပတ်သက်ပြီး သိရှိထားတဲ့ ဗဟုသုတရဖွယ်ရာ အချက်အလက်တွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်အောင် ဖော်ပြ ပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက် ကနေတစ်ဆင့် အခြားဝက်ဘ်ဆိုက်တွေကို ဖော်ပြ ချိတ်ဆက် ပေးထားရာမှာလည်း ပထမဆုံးသော မြန်မာဝက်ဘ်ဆိုက်ဖြစ်တဲ့ www.planet.com.mm ၀က်ဘ်ဆိုက်ကစပြီး မြန်မာဝီကီပီဒီးယား ၀က်ဘ်ဆိုက်အထိ လက်လှမ်းမီသမျှ ၀က်ဘ်ဆိုက်တွေ၊ ၀က်ဘ်လော့ဂ်တွေကို စုစည်း ပေးထားပါတယ်။
 ဒီဝက်ဘ်ဆိုက်ရဲ့ Categories တွေအနေနဲ့ နည်းပညာကဏ္ဍ၊ ပေါ့ပေါ့ပါးပါး သတင်း အတိုအထွာကဏ္ဍနဲ့ Uncategorized ကဏ္ဍတွေဆိုပြီး ခွဲခြားထားတဲ့အတွက် ၀င်ရောက်လေ့လာရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာဆိုင်ရာ ဗဟုသုတတွေနဲ့ ၀က်ဘ်ဆိုက် တွေကို လေ့လာချင်တဲ့ သူတွေအနေနဲ့ ၀င်ရောက်ကြည့်ရှုသင့်တဲ့ ဆိုက်ပဲဖြစ်ပါတယ်။
http://my-it.co.cc

No comments:

Popular Posts