တကယ်ကြုံခဲ့တာလေးပါ။ ကျနော့ Facebook page ဆီ မိန်းကလေး တစ်ယောက် Message ဝင်လာတယ်။
Message က ဒီလိုပါ။
Hey. your page is so great!
ဒီတော့ ကိုယ်ကလည်း
Thank you! we really need your support. လို့ ပြန်ရိုက်ပေးလိုက် တယ်။
ခဏလည်းနေရော သူက စာတစ်စောင် ထပ်ပို့လာတယ်။
Pleas make me admin of your page. I will help you more.
ဒီတော့ ကျနော်ကလည်း
Ok. you, to be admin, must become my girlfriend.
လို့ပြန်ပို့လိုက်တယ်။
ဒီတော့ သူက
Impossible for your request. As I don't know you. တဲ့
ဒါကြောင့် ကျနော့ ပြန်စာက
Yes, I don't know you too. So I cannot make you admin လို့။
-
သင်ခန်းစာ -
စကားပြောတတ်ရင် လေယာဉ်တောင် အလကား စီးလို့ရတယ်လို့ ရယ်စရာ ဆိုရိုးလေး ရှိပါတယ်။ ကိုယ်က တစ်ခုခု တောင်းဆိုချင်လာပြီဆိုရင် ဝင်ရမယ့် Intro က တစ်ဆင့်ပြီးတစ်ဆင့်သွားရမယ်လေ။ ယုံကြည်မှု ရှိရန် အချင်းချင်း မိတ်ဆက်မယ်။ ပြီးတော့မှ ဆိုလိုရင်း စကားပြောမယ်။ အဲဒါက Virtual World မှာ တကယ် အရေးကြီးတာပါ။
အခုက Facebook, Gtalk တွေမှာ စကားလာပြောရင်၊ သွားပြောရင် Hi တစ်လုံးနဲ့ တစ်နေတာတို့။ Hi nice to meet you နဲ့ တစ်နေတာတို့။ Hi, what are you doing လို့ တန်းကျော်လိုက်တာတို့။ Hi where are you လို့ မဆီမဆိုင်မေးတာတို့နဲ့ပဲ အချိန်ကုန်နေကြပါတယ်။ အချို့ ဆို ယူက ဘွိုင်းလား၊ ဂဲလား ကနေ မတက်ဘူး။ လာလာချင်း အမည်မပေးပဲ ဖုန်းနံပါတ်တောင်းတာတို့။ nice to meet you တို့လို ယဉ်ယဉ်ကျေးကျေး စကားမခံပဲ ကိုယ်မေးချင်ရာချည်း ဇွတ်မေး၊ ဇွတ်ပြောကြတာတို့။ ပြောရင် မကုန်နိုင်ပါဘူး။ မေးတဲ့သူ အတွက်လည်း အကျိုးမထူး ဖြေတဲ့သူအတွက် လည်း အကျိုးမထူးပေါ့။ virtual world မှာ communication စကားလုံး ကောင်းများ အသုံးပြု နိုင်ရန် မျှဝေလိုက်ရပါတယ်။
--
No comments:
Post a Comment