နွေဦးအစမှာ
တွန်ကြူးတဲ့ ဥသြငှက်
လွမ်းတေးကို သီဆို
ထန်းတောညို တမာတန်းနဲ့
အညာသူ ငယ်ချစ်ဦးကို
လွမ်းမိပါရဲ့...........။
တွယ်တာသူ....
ဘဝင်လှိုက်မောအောင်
ပယ်ခွါသူ......
မောင့်အချစ်ဦးရယ်က
ရှောင်ဖယ်ကာ
စိမ်းရက်လေတော့
ဒီမောင်မှာ အနေခက်
ဆွေးလျှက်သာပေ
မွေးရပ်ဋ္ဌါနေ
အညာမြေနဲ့
မကြင်နာသူ
ငယ်ချစ်ဦးကို
တမ်းတမ်းတတ
လွမ်းမိတယ်.......။
လွမ်းဝေဟင်{စကားဝါ}
No comments:
Post a Comment