Photoshop application ဟာအလုပ်လုပ်ရာမှာ Hard
Disk space အများကြီးယူပါတယ်၊ Image file size အကြီးကြီးတွေ (ဥပမာ
လမ်းဆုံတွေမှာထောင်ထားတဲ့ကြော်ငြာ board ကြီးတွေ)
လုပ်ဖူးတဲ့သူတွေသတိထားမိကြမှာပါ။ Photoshop ကိုမဖွင့်ခင် Hard Disk free
space အသင့်အတင့်သာ ရှိတယ်ဆိုပါတော့၊ အလုပ်လုပ်နေတဲ့အခါမှာ Disk space
ဟာတဖြည်းဖြည်းနဲလာပြီး Windows ကနေ Disk Cleanup
လုပ်ဖို့လာပြောတဲ့အထိဖြစ်သွားပါတယ်၊ အဆိုးဆုံးက မိမိဆွဲထားတဲ့ File ကို
save လုပ်လို့မရတော့ပါဘူး၊ တချို့သော Function တွေလဲသုံးမရဖြစ်သွားပါတယ်။
ဒီပြဿနာကိုပြေလည်စေတဲ့နည်းလမ်းနှစ်ခုရှိပါတယ်။
၁။ မလိုတော့တဲ့ File အဟောင်းတွေကို စက်ထဲမှာမထားပဲ CD/DVD တို့ဖြင့်သိမ်းထားတာ
၂။ Photoshop မှာပါတဲ့ Scratch Disk option အသုံးပြုတာ (Hard Disk မှာ drive C: drive D: စသည်ဖြင့်ရှိခဲ့ရင်)
ပထမတစ်နည်းကတော့ပြောစရာ ထွေထွေထူးထူးမရှိပါဘူး၊ ဒုတိယ Scratch Disk option ကိုသုံးချင်ရင်တော့ Photoshop မှာ Edit>Preferences menu ကိုသွားရမှာပါ Version အဟောင်း 7.0 မှာတော့ Edit>Preferences>Plug-ins & Scratch Disks ကိုရွေးရမှာပါ။
အဲဒီမှာပုံမှာပြထားတဲ့အတိုင်း First ကတော့ Startup or C:\ ဖြစ်ပြီးတော့ Second ကိုတော့ D:\ ရွေးပေးလိုက်ပါ။ ပြီးရင် OK နှိပ်ပေးရုံပါပဲ။ ပြီးရင်တော့ Photoshop ကိုပိတ်ပြီးမှ ပြန်ဖွင့်ပေးရပါမယ်၊ ဘာကြေင့်လဲဆိုတော့ Scratch Disk ဟာ Photoshop ကို reset လုပ်ပြီးမှ Effect ဖြစ်တာမို့ပါ။
Photoshop version အသစ်တွေမှာတော့ (e.g. CS3 Extended) Edit>Preferences>Performance ကိုရွေးပေးရပါမယ်၊ ပုံမှာကြည့်ပါ။
အဲဒီကနေမှ မိမိအသုံးပြုချင်တဲ့ နောက်ထပ် Drive တွေကိုရွေးပေးရပါမယ်၊ အောက်ကပုံမှာတော့ Drive D:\ ကိုပါရွေးပြီး အသုံးပြုထားလိုက်တာပါ
ရွေးပြီးရင်တော့ထုံးစံအတိုင်း Photoshop ကိုပိတ်ပြီးမှ ပြန်ဖွင့်ရပါမယ်၊ Adobe က Scratch Disk အသုံးပြုတဲ့ Drive ဟာ Internal Drive ဖြစ်သင့်တယ် (USB external Drive များမဖြစ်သင့်ပါ) Disk Drive ဟာ free space များများရှိသင့်တယ်လို့ ဆိုထားပါတယ်။

No comments:
Post a Comment