Menu Tab


Marquee

လာလည်ကြသော မိတ်ဆွေအပေါင်း အင်တာနက်သုံးရင်း အကျိုး ထူးကြပါစေ…ဖတ်ဖူးတာလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်…မိတ်ဆွေရဲ့ ပို့စ်လေးများ တွေ့ခဲ့ရင် ကြည်ဖြူစွာ ပီတိဖြာပေးကြပါခင်ဗျာ……

Wednesday, February 8, 2012

How to make icon file

Anonymous | Wednesday, February 08, 2012 | Best Blogger Tips


ဒီတစ်ခါ Tutorial မှာတော့ Photoshop နဲ့ ICON file တစ်ခုပြုလုပ်ပုံကို လေ့လာကြရအောင်။ Computer dictionary မှာတော့ "Icon is a graphical symbol which represent something in your computer" လို့ဆိုပါတယ်။ ဥပမာပြောရရင် My Computer ကို computer ပုံလေး Camera devices တွေကို Camera ပုံလေးတွေနဲ့ကိုယ်စားပြုဖော်ပြထားသလိုပါ။
အခု mmphotoshop ကိုကိုယ်စားပြုမယ့် icon လေးဖန်တီးချင်ပါတယ်၊ ဒါကြောင့် Logo တစ်ခုကိုဖန်တီးခြင်း သင်ခန်းစာမှာပါတဲ့ ပုံလေးကို ICON file ပြောင်းပါမယ်။ လိုအပ်တာကတော့ Plug-in file တစ်ခုပါ။ ဒီမှာ Zip file လေးတစ်ခုကို Download လုပ်ပါ။ (Latest Version လိုချင်ရင်တော့သူ့ရဲ့ website ဖြစ်တဲ့ http://www.telegraphics.com.au/sw/#icoformat မှာဝင်ကြည့်ပါ။)

ပထမဦးဆုံးအနေနဲ့ကတော့ Photoshop ဖွင့်ထားရင်တော့ ပိတ်လိုက်ပါ၊ Plug-in တွေကို Photoshop ဟာဖွင့်ဖွင့်ချင်း Loading အချိန်မှာမှ ဖတ်မိလို့ပါ။
အဲဒီနောက်မှာတော့ Download လုပ်ထားတဲ့ zip file ကို Extract (unzip) လုပ်ပြီး ICOFormat.8bi ဆိုတဲ့ file လေးကိုသင့်ရဲ့စက်ထဲက Photoshop ရဲ့ Plug-Ins folder ထဲက File Formats ရှိတဲ့နေရာမှာသွားထားလိုက်ရုံပါပဲ (အခုစက်မှာတော့ C:\Program Files\Adobe\Adobe Photoshop CS2\Plug-Ins\File Formats ဖြစ်ပါတယ်)


အိုကေ၊ Photoshop ကိုပြန်ဖွင့်လိုက်ပါမယ် အဲဒီနောက် မိမိလိုချင်တဲ့ File ကိုဖွင့်လိုက်ပါမယ်(File>Open) အခု Tutorial မှာတော့ စောစောကပြောခဲ့တဲ့ Logo file လေးပေါ့။ ပြီးရင်တော့ အဲဒီ File ကို pixel dimension 16x16 ဒါမှမဟုတ် အနီးဆုံးဖြစ်အောင်ချုံ့လိုက်ပါမယ် (Image>Image Size)


နောက်ဆုံးအဆင့်မှာတော့ File>Save As ကို Click လုပ်ပေးလိုက်ရင် File Save As Dialog box မှာ File Name ပေးပြီး Format ကို ICO (Windows Icon)(*.ico) ရွေးပြီး Save လိုက်ရုံပါပဲ။


ရှေ့ Tutorial မှာရေးသားခဲ့သော GIMP (Introduction to GIMP) software မှာတော့ Icon format ဟာ Default ပါဝင်ပါတယ်။ သူက Result ပိုကောင်းပါတယ် စမ်းကြည့်ပါဦး။

No comments:

Popular Posts