3) Acrobat Distiller Printer (Ver 5.0) ကိုအသုံးပြုခြင်း
ဒီနည်းကိုအသုံးပြုမယ်ဆိုရင် AutoCAD Printing
ကိုနားလည်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Acrobat Distiller က Print
ထုတ်သလိုပဲ PDF file အနေနဲ့ Create လုပ်ပေးမှာမို့လို့ပါ။ ရိုးရိုး
Printer ကစာရွက်ထွက်လာသလို Distiller Printer ကနေ PDF file
ကိုထုတ်ပေးမှာပါ။
Acrobat Distiller
ကိုအသုံးပြုခြင်းရဲ့ကောင်းတဲ့အချက်က Drawing Scale
အမှန်အတိုင်းရခြင်းပါပဲ။ ဘာလို့လဲဆိုတော့ Printing Process မှာ Scale
ချိန်လို့ရလို့ပါပဲ။ ဒါပေမယ့် ခြွင်းချက်ရှိပါတယ်။ အဲဒါကတော့
resolution ပါ။ Print ထုတ်ထားနဲ့ PDF Drawing ကိုအခြား File
တစ်ခုခုကိုကူးချင်ရင် resolution တူအောင်ထားပေးရပါမယ်။
နောက်ထပ်သင်ခန်းစာတွေမှာအကျယ်ချဲ့ပါမယ်။ အခုတော့ဒီအတိုင်းပဲမှတ်
ထားပေးပါဦး။
နောက်ထပ်အားသာချက်တစ်ခုက Line type နဲ့ Line weight
အမှန်အတိုင်းရခြင်းပါပဲ။ Illustrator ကိုသုံးရင်အဲဒီလိုအမှန်အတိုင်း
မရနိုင်ပါဘူး။ ပြန်ပြီးတော့ချိန်ရမှာဖြစ်ပါတယ်။
နောက်ထပ်အသုံးဝင်ပုံတစ်ခုကတော့ AutoCAD software
မရှိတဲ့အခါ Drawing တွေကိုအလွယ်တကူကြည့်လို့ရအောင် PDF format
ပြောင်းထားရင် အဆင်ပြေပါလိမ့်မယ်။ ကိုယ်ပြချင်တဲ့ drawing ကို PDF
ပြောင်းလိုက်ရင် Acrobat Reader နဲ့အလွယ်တကူကြည့်နိုင်ပါတယ်။
ကဲစပြီးတော့PDF file အဖြစ်ပြောင်းကြည့်ရအောင်။
Step 1 PDF ပြောင်းချင်တဲ့ AutoCAD file ကိုဖွင့်ပါ။
Step 2 Ctrl + P ကိုနှိပ်ပါ။
ဒါဆိုရင် Plot dialog box တက်လာပါမယ်။ (ကြားဖြတ်ပြီးတစ်ခုပြောပါမယ်။
AutoCAD Printing မှာ နှစ်မျိုးရှိပါတယ်။ Model space မှ Print
လုပ်တာနဲ့ Layout space မှ print လုပ်တာပါ။ အခုတော့ Model space
printing ကိုပဲပြောပါမယ်)။ Plot Model dialog box မှာ Plotter ကို
Acrobat distiller ကိုရွေးပေးပါ။ အခုလိုရွေးနိုင်ဖို့ Distiller
Printer ကို windows မှာ install လုပ်ပြီးသားဖြစ်ရပါမယ်။ (Acrobat
Reader 5.0 full version တွင် Distiller Printer ပါဝင်ပါတယ်)
Step 3 Plotter ရဲ့ properties ကို
click နှိပ်ပါ။ ဒါဆိုရင် Plotter configuration editor box ပေါ်လာပါမယ်။
Access Custom Dialog မှ Custom Properties ကို click လုပ်ပါ။
Step 4 ဒါဆိုရင် Acrobat Distiller
Document Properties box ပေါ်လာပါမယ်။ Layout tab ကိုသွားပြီး print
ထုတ်ချင်တဲ့ Orientation ကိုရွေးပါ။ ပြီးရင် Paper Quality tab
ကိုသွားပါ။ Color box မှာ print ထုပ်ချင်တဲ့ color ကိုရွေးပါ။
ပြီးရင် Advanced ကို click နှိပ်ပါ။ ဒါဆိုရင်
Advanced Option Dialog box ပေါ်လာပါမယ်။ paper size ကိုရွေးပါ။ print
quality ကိုရွေးပါ။ 1200 dpi လောက်ဆိုရင်အတော်လောက်ပါပဲ။ ပြီးရင် OK
ကိုနှိပ်ပါ။
ပြီးရင်ခုနကလုပ်ခဲ့တဲ့အဆင့်တွေတိုင်းကိုOKနှိပ်ပြီးနောက်ပြန်သွားပါ။
Change to a Printer Configuration file box ပေါ်လာမှာပါ Save change
to the following file ကို check လုပ်ပြီး OK လုပ်ပါ။
ဒါဆိုရင် Printer name မှာ Acrobat
Distiller.pc3 အနေနဲ့ Printer တစ်ခုထပ်တိုးလာမှာပါ။ အခုလုပ်ခဲ့တဲ့
configuration အတိုင်းပဲနောက် တစ်ခါမှာလိုချင်ခဲ့ရင်တော့ အဲဒီ pc3
printer ကိုပဲရွေးလိုက်ရုံပါပဲ။ Setting တွေကို save ထားပေးတဲ့သဘောပါ။
ဒီ setting ဟာပြန်ပြီးတော့ နောက်ထပ်ပြင်စရာမလိုတော့ပါဘူး။
Step 5 ကျန်တာကတော့ AutoCAD print
ထုတ်တဲ့အတိုင်းပါပဲ။ Plot area က What to plot မှာ Window ကိုရွေးပြီး
Print ထုတ်မဲ့ area ကိုရွေးပေးပါ။ ပြီးရင် Plot scale မှာသင့်တော်မဲ့
Scale ကိုရွေးပါ။ Plot Style table မှာ Print ထုတ်မယ့် Plot style
ကိုရွေးပါ။ အဲဒါကတော့ တစ်ယောက်နဲ့တစ်ယောက် format တူမှာမဟုတ်ပါဘူး။
ရုံးတစ်ရုံးစီကို Plot style တစ်ခုစီလောက်တော့ရှိနေတတ်လို့ပါ။ ပြီးရင်
Preview ကို Click ကိုနှိပ်ပြီးကြည့်ပါ။
ကြိုက်ပြီဆိုရင် Plot လုပ်လိုက်ရုံပါပဲ။ ဒါဆိုရင် PDF file ရပါပြီ။ Photoshop နဲ့အလွယ်တကူပြန်ဖွင့်လို့လည်းရပြီပေါ့။
No comments:
Post a Comment