ဒီတစ်ခါတော့
ပုံလေးတွေကိုတစ်ပုံပျောက်သွားလိုက်
တပုံပေါ်လာလိုက်ပုံစံလေးလုပ်ရအောင်ပါ။ ရှေ့က Tutorial ရဲ့အဆက်ဖြစ်တဲ့
အတွက်အသေးစိတ်ကိုမရေးတော့ပါဘူး၊ လိုအပ်သလောက်ပဲရေးသွားမှာပါ။ Sample
File ကို Download လုပ်ပါ။ ပြီးရင် ImageReady မှာဖွင့်ပါမယ်။
Default အနေနဲ့ Frame1 ကိုတွေမှာပါ။ Layer Palette
ကိုကြည့်ပါ Layer3 ခုရှိပါတယ်၊ အဲဒီထဲကမှ Layer1 ရဲ့ Opacity ကို 100%
ထားပြီး ကျန် Layer ၂ ခုကိုတော့ 0% မှာထားပါ။
New Frame အသစ်ခေါ်ပါ။ အဲဒီ Frame2 မှာ Layer2 တစ်ခုထဲရဲ့
Opacity ကို 100% ထားပြီး ကျန်တဲ့ Layer တွေကိုတော့ 0% ပဲထားပါ။
အဲဒီအတိုင်းပဲ New Frame တစ်ခုထပ်ခေါ်ပါဦး၊ ပြီးရင် Frame3
ရလာတဲ့အခါမှာ Layer3 ရဲ့ Opacity ကို 100% ထားပြီးတော့ ကျန်တဲ့ Layer
တွေကိုတော့ 0% ပဲထားပါ။ Animation Palette ကိုကြည့်ရင်
ဒီလိုမြင်နေရပါပြီ။
Frame1 ရဲ့ Opacity အနေနဲ့ Layer1 = 100%, Layer2 = 0%, Layer3 = 0%
Frame2 ရဲ့ Opacity အနေနဲ့ Layer1 = 0%, Layer2 = 100%, Layer3 = 0%
Frame3 ရဲ့ Opacity အနေနဲ့ Layer1= 0%, Layer2 = 0%, Layer3 = 100% အသီးသီးဖြစ်ပါတယ်။
ပြီးရင်တော့ Tween Method ကိုသုံးပြီး Animate
လုပ်ကြည့်ပါမယ်။ Frame1 ကို Select လုပ်ပါ၊ Tween လုပ်ပါမယ်။ Option
တွေကတော့ပုံပါအတိုင်းပါပဲ။ Parameters မှာတော့ Opacity
ကိုရွေးထားပါတယ်။
အခုတစ်ခါနောက်ဆုံးက Frame8 ကိုSelect လုပ်ပြီး Tween
လုပ်ပါဦး။ Option ကလဲပုံပါအတိုင်းပဲယူပါ။ Frame တွေကတော့ ၁၃
ခုအထိဖြစ်လာမှာပါ။
နောက်တစ်ဆင့်ကတော့ Frame1 ကို Copy လုပ်ပြီး Frame13
နောက်မှာ Paste လုပ်ပါ။ (အသေးစိတ်ပြုလုပ်ပုံကိုတော့ရှေ့ Tutorial
တွင်ကြည့်ပါ၊ Paste Method မှာတော့ Paste After Selection ကိုရွေးရမှာ
သတိပြုပါ)။ Frame14 ပေါ်လာပါပြီ၊ သူ့ကိုလဲ Frame13 မှာ Tween
လုပ်တဲ့အတိုင်းပြုလုပ်ပါဦး။
Frame delay time ကိုတော့ Frame1,7,13 တို့ကို 0.5 sec
ယူပြီးကျန်တဲ့ Frame တွေကိုတော့ 0.2 sec ပဲထားပါ။ Animation ကို Play
ကြည့်ရင်ဒီလိုပုံကိုမြင်နေရမှာပါ။ ပြီးရင်တော့ Optimize
လုပ်လိုက်ရုံပါပဲ။
ဒီမှာတစ်ခုသတိထားစေချင်တာက ပုံလေးသုံးပုံဟာ
တစ်ခုပြီးတစ်ခုပေါ်စေဖို့အတွက် Tween ကိုသုံးထားတာအပြင် အဆုံး Frame ကနေ
အစကိုပြန် Loop ပတ်တဲ့အခါမှာ
ပုံဟာရုတ်တရက်ပြောင်းသွားတာမျိုးမဖြစ်အောင် Frame1 ကို copy လုပ်ပြီး
Tween တစ်ခါထပ်လုပ်ရတာပါ။ သတိထားမိလောက်မယ်ထင်ပါတယ်။
အောက်မှာပြထားတဲ့ ပုံလေးကိုကြည့်ပြီး
ဘယ်လိုပုံစံဖန်တီးထားတယ်ဆိုတာကို စဉ်းစားကြည့်ကြပါဦး။ လွယ်ပါတယ်
ခဏလေးနဲ့ အဖြေရနိုင်ပါတယ်။ Animation သင်ခန်းစာများမှာ
ဖော်ပြထားတဲ့နည်းတွေကိုပဲ အသုံးပြုထားတာပါ။
သင်လည်းအလွယ်တကူနဲ့ဖန်တီးနိုင်မှာပါ။
ဘယ်လိုပုံစံလေးဖန်တီးမလဲဆိုတာသာအရေးကြီးတာပါ။
အကယ်၍များ သင့်မှာချစ်ခင်သူတစ်ယောက်ရဲ့ မွေးနေ့ အတွက်
Birthday Card လေးကိုပေးဖို့ရှိလာခဲ့ရင် Ready Made Online Ecard
တွေကိုပေးမယ့်အစား အခုလိုမျိုး ကိုယ်ပိုင် Creation
လေးနဲ့တစ်ခုလောက်ဖန်တီးကြည့်ပါလား။
No comments:
Post a Comment