တစ်ခုလောက်တင်ပြချင်ပါတယ်ခင်ဗျာ သိပြီးတဲ့လူလည်းရှိတယ်ဆိုတော့ မသိရသေးတဲ့လူလည်းရှိမှာပေါ့နော်
ဘာအတွက်လည်းဆိုတော့ ဒီလိုပါ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာမှာ တစ်ခုခုဖြစ်တယ်ဆိုပါတော့ ပါးစပ်နဲ့ပြောလည်းနားမလည်ဘူးဖြစ်နေတယ်ဗျာ။ ကဲ့...ကြာပါတယ်ဗျာ သူ့ရဲ့ကွန်ပျူတာကို ကိုယ်ကိုယ်တိုင်ပဲ ပြင်ပေးလိုက်တော့မယ်.. (အယ်... ဘယ်လိုပြင်မှာတုန်း တစ်မြို့တည်းနေတဲ့သူတွေဆိုရင်တော့ ကွန်ပျူကို သယ်လာရမှာလား၊ တစ်ခြားမြို့ကဆိုရင် လေယာဉ်နဲ့ပို့ပေးလိုက်ရမှာလား ) အဲ့ဒီလိုဟုတ်တော့ဘူးနော်.. အခုက တစ်နေရာတည်းကနေ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာကို ပြင်ပေးလို့ရတယ်ဗျ software ပိုင်းနဲ့ပတ်သတ်ရင်ပေါ့ hardware ပိုင်းတော့ရဘူး...။ အဲ့ဒီလိုပြုလုပ်ပေးနိုင်ဖို့ software လိုမယ် ပြီးတော့ တစ်ဦးနဲ့တစ်ဦး internet တပ်ထားမှ ရမှာနော်၊ စိတ်ရှည်ဖို့လည်းလိုမယ်ဗျ ဘာလိုလည်းဆိုရင် ကော်နက်ရှင်က လေးနေရင် လုပ်ရတာကြတယ်ဗျ။ “စိတ်ရှည်ရှည်ထားနိုင်ရင်အောင်မြင်မှာပါ” အင်တာနက်ဆိုင်တွေမှာလည်း တော်တော်အသုံးဝင်မှာပါ ဆိုင်အတွက်အန္တရယ်ကို ကြိုတင်ကာကွယ်ထားဖို့သုံးနိုင်တယ်ဗျ ကျနော်ကတော့ စက်ဆယ်လုံးလောက်ကို ထည့်ထားလိုက်တယ် တစ်ခါတည်းဖွင့်ထားတယ် ပြီးတော့ လာသုံးတဲ့သူတွေကို လည်း အဲ့ဒီလေးကို မပိတ်မိဖို့ပြောထားရတယ် ok ပြီဆိုရင်တော့ သူတို့ သုံးတာတွေ ကိုယ့်စက်မှာပေါ်တယ်လေ အဲ့ဒီလိုလုပ်ဖို့ ဟိုဖက်မှာရော ဒီဖက်မှာရော software လိုမယ်နော် အင်းး ကျနော်လည်း လေကန်နေတာနဲ့ပြီးတော့ဘူး ကဲ့... အသုံးပြုနည်းလေး စမယ်ဗျာ.....
၁။ အပုံလေးကို နိပ်ပြီး download ဆွဲလိုက်ဗျာ
2။ download ဆွဲချထားတဲ့ နေရာကိုသွားပြီး (၁)က အပုံလို icon လေးတွေ့ရင် နှစ်ချက်နိပ်လိုက်ပါ
ဒီလိုအပုံလေးပေါ်လာရင်တော့ Install ကိုမရွေးပဲ Run ဆိုကို ရွေးပြီး Next ကိုနိပ်ပေးရပါမယ်
၃။ (၂)အဆင့်ပြီးသွားရင်တော့ အောက်ကအပုံလေးပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့အခါမှာ ID Number နဲ့ Password မပေါ်လာသေးဘူးဆိုရင် ခဏလောက်စောင့်ပေးလိုက်ပါပေါ်လာပါလိမ့်မယ်
၎။ ID Number နဲ့ Password ပေါ်လာသည်ဖြစ်စေမပေါ်လာသည်ဖြစ်စေ မြန်မာပြည်မှာနေတဲ့သူအတွက်တော့ Proxy Settings မှာ သွားချိန်ဖို့လိုပါတယ် အဲ့ဒါလေးကိုချိန်ဖို့ Ectras.----> Options----> General----> Proxy Settings----> Use manual proxy မှာ ip address ကိုထည့်ပေတော့
၅။ အပေါ်ကအဆင့်တွေပြီးသွားပြီဆိုရင်တော့ အဲ့ဒီနည်းအတိုင်းပဲ ဟိုဖက်စက်မှာလည်း ထည့်ခိုင်းဖို့လို့ပါတယ် ထည့်ပြီသွားရင်တော့ သူရဲ့ ID Number ကို အရင်တောင်းပါ အပုံထဲကအတိုင်းထည်
၆။ ID Number ထည့်ပြီး Conbect Partner ကိုနိပ်လိုက်လျှင် အောက်က အပုံအတိုင်း ပေါ်လာရင်တော့ ဟိုဖက်စက်က password ကိုတောင်းပြီးထည့်ပါ ပြီးလျှင် Log On ကိုနိပ်လိုက်ပါ
အဲ့ဒီအတိုင်းလုပ်ပြီးရင်တော့ သုံးလို့ရပါပြီ ဥာဏ်ရှိရင် ရှိသလို အသုံးကျယ်ပါတယ် စမ်းကြည့်ပါအုံးခင်ဗျာ....
No comments:
Post a Comment